Welcome

သံယောဇဉ်နွယ်မှ ကြိုဆိုပါတယ်

Memories

...

11 September, 2011

"တမ်းတခြင်း"

လမင်းမဲ့ ည
မိုးသားမဲ့ ကောင်းကင်
လှိုင်းမဲ့ ပင်လယ်
သံစဉ်မဲ့ သီချင်း
အားလုံးဟာမပြည့်စုံဘူး
ငါ့ ညတွေ
ငါ့ ကောင်းကင်တွေ
ငါ့ ပင်လယ်တွေ
ငါ့ သီချင်းတွေ
မပြည့်စုံခဲ့ဘူး
လှည့်ကြည့်လှဲ့ပါ ချစ်သူ
အခုဆို ငါ့ညတွေ အရောင်မှိန်
ကောင်းကင်ဟာ မိုးသားတွေမဲ့
ငါ့ ပင်လယ်ဟာငြိမ်သက်
ငါ့ သီချင်းတွေသံစဉ်မဲ့
ချစ်သူရယ်
ပြည့်စုံခွင့်ပေးပါ……….နော်……

No comments:

Post a Comment

Thanks, for your messages!