Welcome

သံယောဇဉ်နွယ်မှ ကြိုဆိုပါတယ်

Memories

...

20 July, 2011

ယောက်ျားမိန်းမတို့ရဲ့ ကမ္ဘာ့မြေပုံ

မိန်းကလေး
၁၈နှစ်က ၂၀နှစ်ထိ မိန်းကလေးတွေဟာ အာဖရိကနဲ့တူတယ်။
တချို့ တဝက်ဖွံ့ဖြိုးပြီး တချို့က တောရိုင်းမြေဖြစ်တယ်။ သဘာဝတွေနဲ့ ပြည့်နှက်နေချိန်ဖြစ်တယ်။

၂ဝနှစ်က ၃ဝနှစ်ထိ မိန်းကလေးတွေဟာ အမေရိကားနဲ့တူတယ်။
လူတွေကို အာရုံစိုက်စေတယ်။ ဆွဲဆောင်စေတယ်။

၃ဝနှစ်က ၃၅နှစ်ထိ မိန်းကလေးတွေဟာ အိန္ဒိယနိုင်ငံနဲ့တူတယ်။
စိတ်အားထက်သန်ပေမယ့် ပျင်းရိတယ်။

၃၅နှစ်က ၄ဝနှစ်ထိ မိန်းကလေးတွေဟာ ပြင်သစ်နိုင်ငံနဲ့တူတယ်။
အသက်အရွယ် အတွေ့အကြုံတွေနဲ့ ရင့်ကျက်တည်ငြိမ်တယ်။

၄၀နှစ်က ၅ဝနှစ်ထိ မိန်းကလေးတွေဟာ ယူဂိုစလားဗီးယားနဲ့တူတယ်။
အတိတ်အတွက် ပေးဆပ်ခြင်း ကာလအပိုင်းအခြားမှာရှိတယ်။

၅ဝနှစ်က ၆ဝနှစ်ထိ မိန်းကလေးတွေဟာ Siberia နိုင်ငံနဲ့တူတယ်။
အိုမင်းပြီး ခြောက်ကပ်တယ်။


၆ဝနှစ်က ၇ဝနှစ်ထိ မိန်းကလေးတွေဟာ မွန်ဂိုရီးယားနဲ့တူတယ်။
ဂန္တဝင်မြောက်သမိုင်းတွေသာ ကျန်ရစ်တယ်။
၇ဝနှစ်အထက် မိန်းကလေးတွေဟာ အာဖဂန်နစ္စတန်နဲ့တူတယ်။
သွားရောက်လည်ပတ်သူတွေ မရှိတော့ဘူး။

ယောက်ျားလေး
၂ဝနှစ်မတိုင်ခင် ယောက်ျားလေးတွေဟာ ဂွန်ဂို (Congo)နဲ့တူတယ်။
အကန့်အသတ်မရှိတဲ့ စွမ်းရည်တွေနဲ့ အရာရာမှာ တက်ကြွတယ်။

၂ဝနှစ်က ၃ဝနှစ်ထိ ယောက်ျားလေးတွေဟာ တောင်အမေရိကနဲ့တူတယ်။
သဘာဝသံယဇာတတွေ ပေါများပေမယ့် မဖွံ့ဖြိုး မတိုးတက်ဘူး။
၃ဝနှစ်က ၄ဝနှစ်ထိ ယောက်ျားလေးတွေဟာ တောင်အာဖရိကနဲ့တူတယ်။
ဖွံ့ဖြိုးတိုးတက်လာပေမယ့် ပြည်တွင်းစစ်က မပြတ်ဘူး။
၎ဝနှစ်က ၅ဝနှစ်ထိ ယောက်ျားလေးတွေဟာ အင်္ဂလန်နဲ့တူတယ်။
အတွေ့အကြုံများပြီး လန်းဆန်းမှုနည်းလာတယ်။ တဖြေးဖြေး ယုတ်လျော့လာတယ်။
၅ဝနှစ်က ၆ဝနှစ်ထိ ယောက်ျားလေးတွေဟာ မြောက်ဥရောပနဲ့တူတယ်။
တက်ကြွမှုတွေ တဖြေးဖြေးကျဆင်းပြီး တချို့နေရာတွေဟာ အေးစက်တဲ့အပိုင်းကို ရောက်နေပါပြီ။
၇ဝနှစ်အထက် ယောက်ျားလေးတွေဟာ အီရတ်နဲ့တူတယ်။
စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး။

နိုင်းနိုင်းစနေ မှ ကူးယူဖေါ်ပြပေးပါသည်။

ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့်ပစ္စုပ္ပုန်)

မသိ၍ ဆို
မလို၍ ပြော

သူ့စိတ်မှာ အလွန်ယဉ်လို့
သူ့ဥာဉ်မှာ အလွန်သန့်တယ်
ထူးချွန့်သဘော။

မသိ၍ ထင်
မမြင်၍ ပြော

သူ့ဝိဥာဉ် မသေပျောက်ပါဘူး
မိုးပေါက်လို အစဉ်ကြည်လို့
နေခြည်လို အစဉ်လန်းကာ
ဖျန်းဆွတ် စိတ်စော။
            
အာဇာနည်နေ့အမှတ်တရအဖြစ် ဆရာ မင်းသုဝဏ် ရဲ့ကဗျာလေးကို ဂုဏ်ပြုဖေါ်ပြလိုက်ပါသည်။

13 July, 2011

ကာရန်မဲ့တဲ့ အသည်းကွဲ "ည"

သိပ်ချစ်ခဲ့တော့လည်း
အလွမ်းတွေပြည့်သိပ်နေလို့
သတိရခြင်းတွေနဲ့ဖုံးအုပ်ခဲ့ရသည်။

သို့သော်....
တမ်းတခြင်းတွေသာ....
လေထဲလွင့်ကုန်တယ်။

ခပ်မိုက်မိုက် ရူးသွပ်ခဲ့တဲ့
ငါ့နှလုံးသားကိုဂျောင်ထိုးထားဖို့
ဦးနှောက်က အမိန့်ပေးနေပြီ...။

သတိရခြင်းကင်းတဲ့ နှစ်သိမ့်မှုမှာ.....
အလွမ်းတွေဟာ သူငယ်နာမစင်ခဲ့ဘူး။

                                                  ငှက်ခါး
                                                (ဘ၀များစွာအတွက်)

Gtalk မှာ Animation ပုံလေးတွေထဲ့ရအောင်

အရင်ဆုံး ဒီမှာ Mytheme.rar ဆိုတဲ့ဖိုင်လေးကို ဒေါင်းလိုက်ပါ။
ပြီးရင် gtalk > settings

Appearnce > Chat theme > my theme

Chat theme မှာ my themeပါအောင် အပေါ်မှာပြထားတဲ့ My Theme.exeကို အရင်runရပါမယ်

ကိုရွေးပေးလိုက်ပြီး အိုကေပေးလိုက်ရင် ပြီးသွားပါပြီ ။
ပြီးရင် ကိုယ့်gtalk ကို singout ပြန်လုပ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ :haha , :atb , :ilu , :imu , :tc ဆိုပြီးရိုက်လိုက်ရင် အခုလို




ရုပ်ပြောင်လေးတွေရလာပါပြီ ..... ။
ကွန်မန့်တွေကို Start >All program >Dash > MyTheme > Help
နောက်ခံပုံလေးတွေချိန်းတာကတော့

Start >All program >Dash > MyTheme >Sample Images မှာ ကိုယ်ကြိုက်တဲ့ပုံကို ကူးထည့်လိုက်ပါ ။

ပြီးရင် Start >All program >Dash > MyTheme >ChangeBackground မှာ ကိုယ်ကူးထားတဲ့ပုံလေးကို ရွေးပြီး အိုကေပေးလိုက်ရင်အိုကေသွားပါပြီ .....။
အသုံးတည့်မယ်လို့ထင်ပါတယ်ဗျာ ... ။
...
How to use smileys ?
( Smiley လေးတွေဘယ်လိုသုံးကြမလဲ ? )
 G-Talk နှင့် စာရိုက် ဆက်သွယ်ရာတွင် Smiley လေး ထည့်သုံးချင်ရင်

"Shift" သုံးပြီး " : " အရင်နှိပ်ပါ။ ထို.နောက် အောက်ပါ အညွှန်းမှ Eng:

စာလုံးလေးများ ဖြည့်စွက် ရိုက်ပေးပါက G-Talk တွင် လှပဆန်းသစ်သော

Smiley လေးများ ထည့်သွင်း ဆက်သွယ်နိုင်ပါမည်......... ။


အကြောင်းအရာ ရိုက်ရန်      မြန်မာလို

All the Best   :atb (သိပ်ကောင်းတယ်)

Angel :angel  (နတ်သမီးလေး)

Angry :angr (စိတ်ဆိုးတယ်)

Applause  :clap   (အားပေးပါတယ်)

Bath :bath (ရေချိုးနေတယ်)

Blushing :blush (မျက်နှာနီအောင်ရှက်တယ်)

Call me :callme (ဆက်သွယ်ပါ)

Cool :cool (အေးအေးဆေးဆေးပါ)

Crying :waa (ငိုနေတယ်)

Day Dreaming :dream (နေ.လည်ခင်းအိပ်မက်)

Dislike :naa (မကြိုက်ပါ)

Do Not Disturb :dnd (မနှောက်ယှက်ပါနှင့်)

Game :game (ကစားမယ်)

Ghoting :ghoting (စဉ်းစားနေတယ်)

Good Morning :gm (ကောင်းသောနံနက်ခင်းပါ)

Good night :gn (ကောင်းသောညပါ)

Heart :heart (အချစ်)

Hi :hi (နှုတ်ဆက်တယ်)

Hai :hai (နှုတ်ဆက်တယ်)

Hug :hug (ပွေ.ဖက်မယ်)

I am Mad :mad (ငါရူးတော့မယ်)

I love you :ilu (မင်းကိုချစ်တယ်)

I miss you :imu (မင်းကိုသတိယနေတယ်)

Idea :idea (အကြံရပြီ)

Kissing :kiss (နမ်းမယ်)

Laughing :ha (ရီရတယ်)

Laughing :haha (ဟားတိုက်ရီရတယ်)

Love struck :love (ချစ်ကြောင်းပြောမယ်)

Mess :mess (စားမယ်)

Movie :movie (တီးထည့်လိုက်ရမလား)

News :news (သတင်း)

No :no (မ_ဘူး)

Not talking :calm (မပြောဘူး)

Now :now (ယခု)

On Phone :call (Ph နှင့်ပြောမယ်)

Pray :pray (ဆုတောင်းနေတယ်)

Raised Eyebrow :cha (မျက်ခုံးတွန်.ပြီး နောက်ပြောင်)

Secret/Silent :shh (တိတ်တိတ်နေ)

Shut Up :shutup (ပါးစပ်ပိတ်ထားပါ)

Sleep :sleep (အိပ်နေတယ်)

Sleepy :zz (အိပ်ချင်ပြီ)

Smug :mm (မျက်ခုံးပင့်ပြီး နောက်ပြောင်ခြင်း)

Sorry :sry (၀မ်းနည်းပါတယ်)

Stop shouting :stop (နားပိတ်ထားတယ်)

Surprised :oh (အံသြတယ်)

Take care :tc (ဂရုစိုက်ပါ)

Thanks :thanx (ကျေးဇူးတင်ပါတယ်)

Wait :wait (ခဏစောင့်ပေးပါ)

Waving :bye (နှုတ်ဆက်ပါတယ်)

Worried :wor (စိတ်ပူနေတယ်)

Yahooooo :yahoo ( ရှာကြည့်ပါ)

Yes :yes (ကောင်းပါပြီ)
 
မြန်မာဆိုက်ဘာမီဒီယာဖိုရမ်မှ ကို N@ymin ၏မျှဝေမှုကို ပြန်လည် ကူးယူမျှဝေခြင်းဖြစ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
 
kopyae

11 July, 2011

အိုင်တီခေတ် မြန်မာစကားပုံဖွင့်ဆိုချက်များ

Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။

ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်
Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။
ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း
Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။

ဂါထာပေး တေးဖြစ်
မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။

ငါးစိမ်းမြင် ငါးကင်ပစ်
ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။

စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်
ဆေးရိုးသည် = Access Denied Page

ဆင့်ပါးစပ် နှမ်းပက်
ဆင့်ပါးစပ် = Internet Users
နှမ်း = Internet Bandwidth

ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး
မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်.... :D

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်
ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်

တစ်ရွာ တစ်ကျီဆောက်သည်
ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်

ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်
ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။

ဒူးလောက်တင်မှ ရင်လောက်ကျသည်
Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။

နဂိုရှိမှ နကိုင်းထွက်သည်
Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသာ အသစ်ဝယ်မှရမည်။

ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)
မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို ဆိုလိုသည်။

ပျက်အစဉ် ပြင်ခဏ
MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက် အရမ်းကောင်းသည်)

ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်
ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...

ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ
ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။

ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း
ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။

မမှားသောရှေ့နေ၊ မသေသောဆေးသမား
မကျဖူးသော ကွန်နက်ရှင်လိုင်း....

မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်
နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။

ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ
Mac Book Air, Pro, iPad 2, iPhone 5

လင်းတလောက်တော့ ငှက်တိုင်းလှသည်
လင်းတ = မြန်မာပြည် ကွန်နက်ရှင်

လယ်ထွန်သွား နွားမေ့
\အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို ဆိုလိုသည်။

လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်)
ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)

ဝက်ဖြစ်မှ မစင်မကြောက်နှင့်
အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။

သန်းခေါင်ထက် ညဥ့်တိုးမနက်
Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။

သေချင်တဲ့ကျား၊ တောပြောင်း
မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။

အုတ်ရောရော ကျောက်ရောရော
Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါ တက်လာလေ့ရှိသည်။

အရေးကြီးတော့ သွေးနီးရာ
အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့် မျှဝေသည်။

အငိုလွယ်လျက် အရှိုက်ခက်သည်
Download လွယ်သလောက် Upload ခက်သည်။

အရူးမီးဝိုင်းသလို
တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း။

အကြံတူရန်သူ
အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။

အနာပေါ်တုတ်ကျသည်
ဤစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ.. :D

Facebook မှ သူငယ်ချင်းတစ်ယောက်၏ စာကို ကူးယူမျှဝေခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

05 July, 2011

ဖတ်ခဲ့ဖူးတော ကဗျာတစ်ပုဒ်

" လမင်းထက် နှစ်လေးသာ "
ကောင်းကင်ပြာက ငွေလမင်း
စမ်းရေကိုသူဆင်းသောက်
ငေးယူလောက်ပါတဲ့မင်းမျက်နှာ
လမင်းဝါ သူလေ မယှဉ်ရဲပေသမို့
ရှက်စနိုးနဲ့ကာလိုက်တဲ့တိမ်ဇာပုဝါ
မင်းသည်သာ လနှစ်စင်
လမင်းထက် နှစ်လေးသာ...
သြော်..
လမင်းထက်နှစ်လေးသာ......။

03 July, 2011

မီးမြေခွေးကို Proxy ကျော်ခိုင်းရအောင်

အချို့သိပြီးသားလည်းဖြစ်မှာပါ....။ မသိသေးသူများအတွက်ရည်ရွယ်ပါတယ်။ ဒီကို သွားပါ။ အဲဒီမှာ Phzilla ဆိုတဲ့ မီးမြေခွေးရဲ့ Addon လေးကိုတွေ့ရပါမယ်။ Add to firefox ဆိုတဲ့ Button ကို ကလစ်လိုက်ပီး ခနစောင့်ပါ။ Install လုပ်ဖို့ box လေးကျလာပါမယ်။ Install ကိုနှိပ်လိုက်ပါ။ Installation ပီးသွားရင် မီးမြေခွေးကို Restart လုပ်ခိုင်းပါမယ်။ Restart လုပ်လိုက်ပါ။ ပြန်ပွင့်လာတဲ့အခါ address bar ရဲ့အဆုံး နားလေးမှာ Mouse လေးတင်ကြည့်ပါ (P) လေးမြင်ရပါမယ်။ Access is denied ဖြစ်နေတဲ့ဆိုက်တွေမှာ အဲဒီ (P) လေးကို ကလစ်လိုက်ပါ။ မီးမြေခွေးက သင်ကြည့်ချင်တဲ့ စာမျက်နှာကို ထို Proxy လေးနဲ့ ဖွင့်ပေးပါလိမ့်မယ်။ အောက်ကပုံလေးကြည့်ပါ။ အဆင်ပြေကြပါစေဗျာ....။








ကျေးဇူးတင်စွာဖြင့် kopyae