Welcome

သံယောဇဉ်နွယ်မှ ကြိုဆိုပါတယ်

Memories

...
Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

11 September, 2011

"မင်းရဲ့စိတ်နဲ့....ကိုယ့်ရဲ့ကိုယ်"

ကောင်မလေးရေ……
မနေ့က မင်းပြုံးခဲ့တဲ့ အပြုံးလေ
ကိုယ်နဲ့မသက်ဆိုင်လည်း
ကိုယ်က ပြုံးမိလေရဲ့
ကောင်မလေးရေ…..
မနေ့က မင်းရယ်ပုံလေးလေ
ကိုယ့်တွက် မဟုတ်ခဲ့လည်း
ကိုယ်လည်း အတူရယ်ချင်ရဲ့
ကောင်မလေးရေ…..
မနေ့က မင်းပျော်နေတော့လေ
ကိုယ်နဲ့ မပတ်သတ်လည်း
ကိုယ်လည်း ပျော်ချင်ရဲ့
ဒီနေ့မင်းငိုနေတော့
ကိုယ်မျက်ရည် ကျတယ်
ဒီနေ့ မင်းဝမ်းနည်းတော့
ကိုယ်လည်း ၀မ်းနည်းနေတယ်
မင်းရဲ့စိတ်နဲ့ကိုယ့်ရဲ့ကိုယ်
မင်းတွက်နဲ့ ငါ့ဘဝ
တစိတ်တဒေသ
ဖြစ်ပေါ်နေလေရဲ့
ကောင်မလေးရေ……..

                           မြူမင်းသွင်

"တမ်းတခြင်း"

လမင်းမဲ့ ည
မိုးသားမဲ့ ကောင်းကင်
လှိုင်းမဲ့ ပင်လယ်
သံစဉ်မဲ့ သီချင်း
အားလုံးဟာမပြည့်စုံဘူး
ငါ့ ညတွေ
ငါ့ ကောင်းကင်တွေ
ငါ့ ပင်လယ်တွေ
ငါ့ သီချင်းတွေ
မပြည့်စုံခဲ့ဘူး
လှည့်ကြည့်လှဲ့ပါ ချစ်သူ
အခုဆို ငါ့ညတွေ အရောင်မှိန်
ကောင်းကင်ဟာ မိုးသားတွေမဲ့
ငါ့ ပင်လယ်ဟာငြိမ်သက်
ငါ့ သီချင်းတွေသံစဉ်မဲ့
ချစ်သူရယ်
ပြည့်စုံခွင့်ပေးပါ……….နော်……

"မရှိပေမယ့်.....ရှိနေတယ်"

Tutorialဖြေမယ့်စာတွေ မ၇သေးဘူးလို့
ကျွန်တော် ပြောတိုင်း …
“ဘယ်၇မလဲ စာမှမကျက်ပဲ”လို့ဆိုတဲ့
 စကားမျိုးထပ်ေ၇ာက်မလာတော့ပါဘူး။

စာမေးပွဲဖြေဖို့ စာတွေ မ၇သေးဘူးလို့
ကျွန်တော် ပြောတိုင်း …
“မ ရဲ့ အချစ်က မောင့်အတွက်
 တွန်းအားဖြစ်ပါစေ”လို့ဆိုတဲ့
 စကားမျိုးထပ်ေ၇ာက်မလာတော့ပါဘူး။

ေ၇ကူးပြီးပြန်လာတိုင်း ချမ်းနေပြီးလို့
ကျွန်တော့်ပြောတိုင်း …
“မောင် အအေးမိလိမ့်မယ် ပြန်တော”့လို့ဆိုတဲ့
 စကားမျိုး ထပ်ေ၇ာက်မလာတော့ပါဘူး။
မောင့်ကို ချစ်တယ်…
မောင့်ကို ၇င်ခုန်တယ်…
မောင့်ကို သနားတယ်…
အဲလိုစကားလုံးမျိုးတွေလည်း
ထပ်ရောက်မလာတော့ပါဘူး။
 သူမ၇ှိတော့ပေမယ့်.
 အခုချိန်ထိ…
ကြား..ယောင်..နေတယ်
မြင်..ယောင်..နေတယ်
နောက်ပြီး….
ကျွန်တော် ထာ၀၇ချစ်နေတယ်......

                                            Genius

"သိပ်ချစ်လို့"

ရပ်တန့်လို့မှမရတော့လည်း
နေပါစေတော့….၊
ဆုံရှုံးသွားတဲ့ အချိန်တွေကတော့
တော်တော်လေးတန်ဖိုးရှိခဲ့ပါတယ်..၊
မနက်ဖြန်တိုင်းမှာတော့
ငါ့မျှော်လင့်ချက်တွေ အပြည့်ပဲပေါ့…။

ပုံဖော်တတ်ရအောင်က
ပန်းချီဆရာ မဟုတ်တာခက်နေတယ်..၊
အလွတ်ကျက်ထားတဲ့ မင်းပုံရိပ်တွေက
အိပ်စက်ချိန်တောင် အလွတ်မပေးခဲ့ဘူး..၊
ဒီစိတ်နဲ့ပဲ ငါရူးမယ်ထင်တယ်..။

အတွေးချော် တယ်ဆိုတာက
အရေးပေါ် အခြေ မို့ပါ..၊
ငါသေခဲ့ရင်တောင်မှ
ဝိညာဉ်က နင့်အနားမှာအမြဲပဲ…၊
အထင်မလွဲပါနဲ့…..
အဲဒါက သိပ်ချစ်လို့..။

                           အရိပ်ကလေး

"လိုက်လျောပေးပါ"

အသက်မပါတဲ့     ချစ်သူ၇ဲ့
မျက်ဝန်း နက်လေး ကို
ချစ်တယ်၊
ဟန်ဆောင်ပြောတဲ့ ချစ်သူ၇ဲ့
စကားလုံးလေးတွေကို
ချစ်တယ်၊
ပေါက်ကွဲလွယ်တဲ့ ချစ်သူ၇ဲ့
ဒေါသစိတ်လေးတွေကို
ချစ်တယ်။
ချစ်တယ်လို့ ပြောတဲ့ ချစ်သူ၇ဲ့
အချစ်စကားလေး ကိုလည်း
ချစ်တယ်။
၇င်တစ်ခုလုံးကွဲစေတဲ့ ချစ်သူ၇ဲ့
အပြုအမူလေး ကိုလည်း
 ချစ်တယ်။
သူ ………..ဘာပြောပြော
ချစ်တယ်။
ငါ ကိုသတ်၇င်သတ်
၇င်ထဲက
မငိး ကိုချစ်တဲ့ အချစ်ကိုတော့
မသတ်ပါနဲ့၊ချန်ထားပါ။
(ချစ်သူ၇ယ်)

             Genius

"သိပ်ချစ်မိတဲ့အကြောင်း"

သေချာပါတယ်ချစ်သူ….
ငါနင့်ကို ကြာလေချစ်လေဆိုတာ
အပြုံးမပျက် အမုန်းမဖက်ဘဲ
ငါမှငါ ရည်ရွယ် ချစ်တဲ့နင့်ကို
စိတ်ကူးထဲမှာတောင် ငါ မစွန့်လွတ်ရက်ပါဘူး…..။

ငါ ကျိန်ဆိုတယ် ချစ်သူ
နင့်အတွက် သစ္စာစစ်နဲ့ ဖြစ်တည်မှု
ငါ့ကို နေ့စဉ်အဖော်ပြုနေပြီဆိုတာ
ငါ့အပျော်ကို ရှေးရှု လိုအင်တွေကို ဖန်တီး
အရာရာ ငါ့သဘော မငြိုမငြင် ချိုသာလွန်းတဲ့ နင့်ကို
ငါ့အတွေးထဲမှာတောင် သွေးမအေးဘူး………..။

ငါ ၀န်ခံတယ်ချစ်သူ
အစားထိုးဖို့နောက်ထပ်မရှိ
ငါ့သက်ပြင်းရှည်တွေက နင်နဲ့ဝေးမှာ စိုးရိမ်နေတယ်ဆိုတာ……
ငါ့မျက်နှာကို အရိပ်လိုငေး
အတိတ်ကို မတွေးစေဘဲ
ငါ့မနက်ဖြန်တွေကို တောက်ပစေခဲ့တဲ့ နင့်ကို….
အိပ်မက်ထဲတောင် ပေးမဝေးပါဘူး………….။

                                                      ကေသရီ

"ကိုယ့်အချစ် ကိုယ့်တေးသံတစ်ခုတည်းပါကွယ်"

မြက်ခင်းပြင်မှာပွင့်တဲ့ပန်း မြေကြီးနဲ့နီးစပ်သလို သူမလည်း ကိုယ့်နှလုံးသားနဲ့ နီးနေခဲ့တယ်။
အိပ်စက်ခြင်းဟာ ပင်ပန်းနွမ်းလျနေတဲ့
ကိုယ်လက်အင်္ဂါတွေ အပန်းပြေစေသလို
သူမက ကိုယ့်ကိုချိုမြိုန်စေခဲ့ပါတယ်။
သူမအပေါ်ထားတဲ့ ကိုယ့်အချစ်က
ကိုယ့်ဘဝပါပဲကွယ်။
ကြည်လင်အေးချမ်းမှုတွေကို
စွန့်လွတ်ပေးဆပ် ပြေးလွားသွားခဲ့ရတဲ့
ဆောင်းဦးရာသီ ရေလျှံမြစ်ကဲ့သို့
အားအင်အပြည်နဲ့
စီးဆင်းသွားခဲ့ရသလို ဘဝမျိုးပါကွယ်။
ရေလှိုင်းတွေ ရေစီးတွေနဲ့
တေးဆိုညည်းတတ်တဲ့
စမ်းရေစီးသံပမာ
ကိုယ့်ရဲ့တေးသံသာတွေဟာ
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာနဲ့
တစ်ခုတည်းပါပဲကွယ်။


                           ကိုမျိုး

13 July, 2011

ကာရန်မဲ့တဲ့ အသည်းကွဲ "ည"

သိပ်ချစ်ခဲ့တော့လည်း
အလွမ်းတွေပြည့်သိပ်နေလို့
သတိရခြင်းတွေနဲ့ဖုံးအုပ်ခဲ့ရသည်။

သို့သော်....
တမ်းတခြင်းတွေသာ....
လေထဲလွင့်ကုန်တယ်။

ခပ်မိုက်မိုက် ရူးသွပ်ခဲ့တဲ့
ငါ့နှလုံးသားကိုဂျောင်ထိုးထားဖို့
ဦးနှောက်က အမိန့်ပေးနေပြီ...။

သတိရခြင်းကင်းတဲ့ နှစ်သိမ့်မှုမှာ.....
အလွမ်းတွေဟာ သူငယ်နာမစင်ခဲ့ဘူး။

                                                  ငှက်ခါး
                                                (ဘ၀များစွာအတွက်)

05 July, 2011

ဖတ်ခဲ့ဖူးတော ကဗျာတစ်ပုဒ်

" လမင်းထက် နှစ်လေးသာ "
ကောင်းကင်ပြာက ငွေလမင်း
စမ်းရေကိုသူဆင်းသောက်
ငေးယူလောက်ပါတဲ့မင်းမျက်နှာ
လမင်းဝါ သူလေ မယှဉ်ရဲပေသမို့
ရှက်စနိုးနဲ့ကာလိုက်တဲ့တိမ်ဇာပုဝါ
မင်းသည်သာ လနှစ်စင်
လမင်းထက် နှစ်လေးသာ...
သြော်..
လမင်းထက်နှစ်လေးသာ......။