Welcome
Memories
...
17 January, 2014
15 October, 2012
05 November, 2011
မြန်မာနှင့် အကျင့်ဆိုး (ရွှေဥဒေါင်း)
မြန်မာကို မြန်မာက ရှုတ်ချသင့်သလော
ဗမာတွေ လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ...
"ဗမာတွေလူမျိုးတွေ ဘယ်နေရာမှ မကောင်းပါဘူး၊ ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ်တာကိုး၊ ရွှေဗမာတွေ ကိုက ဘာတစ်ခုမှ ဖြစ်အောင်လုပ်နိုင်တာ မရှိပါဘူး" အစရှိသော နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချစကားများသည် မကြာခဏဖြစ်ပေါ်လျက် ရှိသည်ကို ကြားမိကြပေလိမ့်မည်။ ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့ လက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် တိုးတက် လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလ အပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံး သုံးနှုန်းပြောဆိုကြသည်ဟု ဆိုရ ပေမည်။
ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ ထိုစကားကို သုံးနှုန်း ပြောဆိုနေကြသောသူများသည် တရုတ်လူများ လည်းမဟုတ်၊ ကုလားလူမျိုးများလည်း မဟုတ်၊ တရုတ်နှင့် ကုလားကပြား များလည်းမဟုတ်၊၊ မြန်မာစစ်စစ် ဆိုသော လူများ၏ ပါးစပ်မှ ထွက်လာလေ့ရှိသည့်အတွက် သာ၍ ဝမ်းနည်းဖို့ ကောင်းလှ၏။ အချို့သော သူတို့ သည် ထိုစကားမျိုးကို သုံးနှုန်းကြသော အခါတွင် ဝမ်းနည်းသော လေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ ရခြင်းကိုပင် အရသာ ရှိဟန်လက္ခဏာနှင့် လေးလေးနက်နက် ပက်ပက်စက်စက် ချိုးဖဲ့ ပြောဆို ရက်သည်ကို တွေ့ရပေကား၊ မြန်မာအစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။
တရုတ်လူးမျိုးက မြန်မာအား ထိုမျှလောက် ချိုးချိုးဖဲ့ဖဲ့ ပြောဆိုခြင်းကို ကြားရဖူးသည် မရှိ။ ပြောလျှင်လည်း မြန်မာက ခံမည်မဟုတ်။ ကုလားလူးမျိုးက ဤမျှအထိ ရှုတ်ချခြင်းကို ကြားရဖူးသည်မရှိ။ ကြားရလျှင်လည်း မြန်မာက ခံမည်မဟုတ်။ အင်္ဂလိပ်က ပြောလျှင် ခံနိုင်ကြမည် မဟုတ်။ ရှုတ်ချပြောဆိုနေကြသူများကား မြန်မာ များပင်ဖြစ်၏။ တရုတ်သည် တရုတ်လူမျိုးအားလည်းကောင်း၊ ကုလားသည် ကုလားလူမျိုးအား လည်း ကောင်း ထိုကဲ့သို့ လူမျိုးလိုက်ချီ၍ ရှုတ်ချပြောဆိုခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရဖူးချေ။ မြန်မာ လူမျိုးကို မြန်မာလူ မျိုးသည်သာလျှင် "မှိုချိုးမျှစ်ချိုး" တစ်တစ်ခွခွ လူမျိုးလိုက်ချီ၍ သိမ်းကျုံး ရှုတ်ချပြောဆိုနေကြ သည်ဖြစ်ရာ ထိုကဲ့သို့ ရှုတ်ချပြောဆိုနေကြခြင်း၏ အကြောင်းရင်း မှာကား မြန်မာလူမျိုးကို မြန်မာလူမျိုး သည်သာလျှင် အထင်အမြင် သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။ မိမိလူမျိုးကို မိမိတို့က ဤမျှလောက် အထင်အမြင် သေးသိမ် စုတ်ပဲ့နေကြပါလျှင် အခြားလူမျိုးတို့က အဘယ်မှာ ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။
မြန်မာလူမျိုးသည် ထို့ကဲ့သို့ ပက်ပက်စက်စက် ရှုတ်ချကဲ့ရဲ့ခြင်း ခံထိုက်လောက်အောင် တကယ်ပင် ယုတ်ညံ့ သိမ်ဖျင်းသော လူမျိုးဖြစ်လေသလောဟု၊ ရှေးဦးစွာဆန်းစစ်ဖို့ လိုပေ၏။ လူအသီးသီးဖြစ်စေ ဤနယ်သား၊ ထိုနယ်သား၊ ဤပြည်သား၊ ထိုပြည်သား၊ ဤတိုက်သား၊ ထိုတိုက်သား၊ ရှေ့တိုင်းသား၊ အနောက်တိုင်းသား စသည်ဖြင့် အစုလိုက်၊ အုပ်လိုက် ပေါင်းစည်း၍ဖြစ်စေ၊ အကောင်းအဆိုးဟူ၍ ပိုင်းခြားစစ်ထုတ် လိုက်သော အခါ ကောင်းသော အရည်အချင်းတွေချည်း စုပုံ၍နေသော လူဟူ၍လည်း မရှိ။ လူမျိုးဟူ၍လည်း မရှိ။ တိုက် သားဟူ၍လည်းမရှိ။ ဆိုးယုတ်သော အရည်အသွေးတွေချည် စုပုံ၍နေသော လူဟူ၍လည်း မရှိ။ လူမျိုး ဟူ၍လည်း မရှိ။ တိုက်သားဟူ၍လည်း မရှိနိုင်ကြောင်းကို ဦးခေါင်းပါသူတိုင်း ဝန်ခံပေလိမ့်မည်။
ပျင်းရိခြင်းနှင့် သတ္တဝါသဘော ယင်းသို့ဖြစ်လျှင် မြန်မာလူမျိုးသည် အခြားလူမျိုးနည်းတူ ကောင်းမြတ်သော အခြင်းအရာနှင့် ညံ့ဖျင်းသော အခြင်းအရာတို့ ရောစပ်စုပေါင်းလျက်ရှိသည်ဟု ဆိုရပေမည်။ အပြစ်အနာ ဆာကို ရှေးဦးစွာ ဖော်ပြရမည်ဆိုသော်၊ လူမျိုးကွဲများက အပြစ်ဆိုတတ်ကြ၍ ကျွန်ုပ်တို့ ကိုယ်တိုင် မငြင်း မကွယ် နိုင်သော ဖြောင့်ချက်ပေးကြရမည့် အချက်တစ်ခုသည်ကား ပျင်းရိခြင်းပင် ဖြစ်ပေ၏။ မြန်မာလူမျိုး သည် ကုလားနှင့်ဖြစ်စေ၊ တရုတ်နှင့်ဖြစ်စေ နှိုင်းယှဉ်လိုက်သော် ချောင်ချောင် လည်လည်လုပ်၍ ချောင် ချောင်နေထိုင်လိုသော စိတ်သဘောမျိုး ရှိတတ်ကြောင်းကို ဝန်ခံကြရပေမည်။ ၎င်း စိတ်သဘောကိုပင် ပျင်းရိသည်ဟူ၍ ခေါ်ဆို ကြ၏။ ခေါ်ဆိုလျှင်လည်း ခေါ်ဆိုထိုက်ပါပေ၏။ သို့သော် ပျင်းရိခြင်း၊ လုံ့လ၀ီရိယ ရှိခြင်း စသော အခြင်းအရာတို့ မည်သည် အကြောင်းနှင့် အကျိုး ဖန်းတီးစီမံလျက်ရှိသော ဤလောကကြီး၌ မူလရင်းအကြောင်းများ ရှိကြရ မည်သာဖြစ်၏။ သတ္တ၀ါ ဟူသမျှတို့၏ နဂို သဘောရင်းမှာ တတ်နိုင်သမျှ အနည်းဆုံး အလုပ်လုပ်၍ အများဆုံး စည်းစိမ်သုခ ခံစားလိုကြမြဲမှာ ဓမ္မတာ ဖြစ်၏။ တတ်နိုင်ခဲ့လျှင် အလုပ်နှင့် ပတ်သက်၍ လက်တစ်ဖက် မြှောက်ခါ မျှနှင့် စားဝတ်နေရေးနှင့်တကွ စည်းစမ်ခံထားမူအတွက်ပါ လုံလောက်စွာ ရလိုကြသည်သာ ဖြစ်၍၊ လက်တစ် ဖက်မြှောက်ကာမျှနှင့် လိုသလောက်ရခဲ့လျှင် လက်နှစ် ဖက် မြှောက်လိုသော သတ္တ၀ါဟူ၍ မရှိချေ။
မြန်မာလူမျိုး အပြစ်လော
ကျွန်ုပ်တို့ မြန်မာပြည်သည် အင်္ဂလိပ်တို့ မ၀င်ရောက်ဖူးသေးမှီ တစ်ချိန်က အလွန်တရာ ဆူဖြိုးချောင်ချိ ခဲ့သော တိုင်းပြည်ဖြစ်သည်က တစ်ကြောင်း၊ ၃၀ ၄၀ ပေးရသော ဘွတ်ဖိနပ်မျိုး၊ သက္ကလပ်အင်္ဂျာီမျိုး၊ တစ်နပ် စာအတွက် လေးငါးကျပ် တန်သော အစားအစာမျိုး အစရှိသည်တို့ မရှိခဲ့ဖူးသည်က တစ်ကြောင်း၊ လူတစ် ယောက် အလုပ် လုပ်လျှင် တစ်အိမ်ထောင်လုံးအတွက် စားဝတ်နေရေး လုံလောက်စွာ ရရှိခဲ့၍ ကျန်သော အိမ်သူအိမ်သားများ သည် ဝတ်ကာ၊ စားကာ၊ သနပ်ခါးလိမ်းကာ၊ ခြင်းလုံးခတ်ကာဖြင့် ချောင်ချိသက်သာစွာ နေထိုင်နိုင်ကြ၏။ မော်တော်ကားစီးမှုအတွက် သူတစ်ပါးနှင့် ဂုဏ်ပြိုင်အားကျရန်လည်း မရှိ၊ သုံးထပ်တိုက် ကြီး တည်ဆောက်ခြင်းအားဖြင့် သူတစ်ပါးထက် သာအောင်ကြွားဝါလိုသော စိတ်ဆန္ဒမျိုးလည်း မရှိ၊ အလွန် စုတ်ပြတ်လွယ်၍ ပါးလွှာလှသော ပဒုမ္မာ အင်္ဂျာီပါးမျိုးကို ၀တ်ဆင်လိုခြင်းလည်း မရှိ။ ခပ်ချောင်ချောင် အလုပ် လုပ်၍ ခပ်ချောင်ချောင် နေထိုင်စားသောက်လာခဲ့ကြသော လူမျိုးဖြစ်၏။ ထို့ကဲ့သို့ ၀မ်းစာအတွက်လည်း ကောင်း၊ အားအတွက်လည်းကောင်း၊ နေမှု ထိုင်မှုအတွက်လည်းကောင်း၊ လှုပ်ကာယှက်ကာနှင့် လုံလောက် စွာ ရရှိခဲ့ကြသော လူမျိုးသည့် အပေါ် လွယ်လွယ်နှင့် တင်းတိမ်ရောင့်ရဲ၍ ပင်ပန်းကြီးစွာ အားထုတ် လုပ်ကိုင် ရန် ပျင်းရိခြင်း ရှိကြသည်မှာ အံ့သြဖွယ်ရာ မဟုတ်။ သတ္တ၀ါတို့၏ ဓမ္မတာသဘော အတိုင်းမျှသာ ဖြစ်ချေ၏။ ထိုမျှလောက် အသက်မွေး ချောင်ချိလာခဲ့သော လူမျိုးဖြစ်၍ လျှာထွက် မတတ် အလုပ်လုပ်နိုင်မှ ဝမ်းရေး မဝတဝ၊ မလှတလှ ရရှိနိုင် ကြသည့် ကုလားပြည်မှ ကုလားလူမျိုး၊ တရုတ်လူမျိုးများနှင့် စံထိုးနှိုင်းယှဉ်ခြင်း ခံရသည့်အခါ ပျင်းရိသည်၊ ပေါ့လျော့သည် ဟူ၍ စွပ်စွဲခြင်းခံကြရ ခြင်းမှာ အံ့ဖွယ်ရာ မဟုတ်လှချေ။ အမှန်စင်စစ်သော်ကား မြန်မာသည် ပျင်းနိုင်သောအခြေရရှိခဲ့ဖူး၍ ပျင်းရိခြင်း၌ အကျင့်ပါနေသေးခြင်းမျှသာ ဖြစ်ပေ၏။ မည်သည့် လူမျိုးပင်ဖြစ်စေ မြန်မာကဲ့သို့ ခေတ်ကောင်း ခေတ်အေးမျိုး မှီခဲ့ဖူးလျှင် မြန်မာနှင့် အလားတူစွာ ပျင်းရိကြမည်သာ ဖြစ်ချေ၏။ ပျင်းရိခြင်းကို အပြစ်တစ်ခုလုပ်၍ ပြောမည်ဆိုလျှင် ထိုအပြစ် သည် မြန်မာလူမျိုး၏ အပြစ်မဟုတ်။ ဝမ်းစာရှာရန် ချောင်ချိခဲ့ဖူးသည့် မြန်မာပြည်၏ အပြစ်ဟူ၍သာ ဆိုရန်ရှိပေ၏။
အနှစ်တစ်ရာနှင့် တစ်နှစ်
ထို့ပြင် ကျွန်ုပ်တို့ကို နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှ အုပ်စိုးသွားသည့် အဂ်လိပ်တို့ကလည်း မြန်မာများအား ပျင်း ရိသည်ဟု စွပ်စွဲပြောဆိုသွားကြသော်လည်း ၎င်းတို့ ကိုယ်တိုင် ချွေးလုံးချွေးပေါက် ကျအောင် ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင် သွားကြသည်ဟု မရှိချေ၊၊ ပန်ကာအောက်တွင် ကလောင်တံနှင့် လက်မှတ်ရေးထိုးရသော အလုပ်မျှလောက်နှင့် လခကြီးများ ယူလျက် ကာမဂုဏ်၊ စည်းစိမ်းအမျိုးမျိုး ခံစားစံစား သွားကြခြင်းအားဖြင့် နမှုနာပြသွားကြသည်ကို တွေ့မြင်လိုက်ကြရ၏။ ၎င်းတို့၏ အနေအထိုင်ကို တွေ့မြင်ရခြင်း အားဖြင့် မြန်မာ တို့၌ စည်းစိမ်ခံမှုအတွက် သွားရည်ကျရသော စိတ်မျိုးသာ ဖြစ်ပေါ်ကြ၍ ပင်ပန်းကြီးစွာ အလုပ်လုပ်လိုသော စိတ် သဘောမျိုးမူကား အလျှင်းပင် မဖြစ်ပေါ်နိုင်ခဲ့ချေ။ သို့ရာတွင် ယခုအခါ ဂျပန်တို့ ရောက်လာကြရာတွင် "စစ်ဗိုလ် ကြီးတွေတောင် အလုပ်ကြမ်းလုပ်ကြသည်၊ လူကြီးတွေတောင် လူငယ်တွေနှင့်အတူ အလုပ်လုပ်ကြ သည်" ဟူသော စကားများသည် အရပ်ထဲတွင် တစ်နေ့တခြား ပြောဆိုစ ပြုလာကြပြီးဖြစ်ကာ၊ ပင်ပန်းကြီးစွာ အလုပ် လုပ်မူနှင့် ပတ်သက်၍ အင်္ဂလိပ်လူမျိုးတို့က နှစ်ပေါင်း (၁၀၀) ကျော်ခန့် သင်ပြရန် မတတ်နိုင်သည် ကို ဂျပန် တို့က တစ်နှစ်ခန့်အတွင်း သင်ပြနိုင်သည်ဟု ဆိုရပေမည်။
ဂျာမဏီပြည်၏ စနစ်
ဤနေရာ၌ ဂျာမဏီပြည်တွင် ဟစ်တလာ အသုံးပြုခဲ့သောစနစ်အား အစိုးရသို့ မြန်မာပြည်တွင် အမြန်ဆုံး နည်းယူအသုံးပြုကြလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။ ဂျာမဏီပြည်၌ သူဌေးသား ဖြစ်စေ၊ အမတ်ကြီး၏ သား ဖြစ်စေ၊ အရာရှိကြီး၏သား ဖြစ်စေ လူလားမြောက်သော အချိန်အရွယ်တွင် အခြားသော လူဆင်းရဲများ ၏ သားများနှင့် အတူလမ်း ဖောက်ခြင်း၊ ကောက်ပဲသီးနှံ စိုက်ပျိုးခြင်း စသော ကူလီအလုပ်ကြမ်းမျိုးကို (၁၀) လတိုင်တိုင် လုပ်ကိုင်ဆောင်ရွက်ကြရလေသည်။ သူဌေးသားနှင့် ထင်းခွေသမားသားတို့သည်လည်းကောင်း၊ အရာရှိ သားများနှင့် ကူလီထမ်းသမားတို့၏ သားသည်လည်းကောင်း တစ်ခန်းတည်း အတူနေ၊ အတူအိပ်၊ အတူစားကြ ရလျက် လယ်ပြင်ထဲတွင် အင်္ဂျာီမပါ ကိုယ်တုံးလုံးချွတ်ကာ ပခုံးချင်းယှဉ်လျက် ရက်ပေါင်း (၃၀၀) ကာလပတ် အတွင်းတန်းတူညီတူ အလုပ်လုပ်ကြရ လေသည်။ အိမ်မှ ထမင်းပို့ရခြင်း၊ အိပ်ရာလိပ် ပို့ရခြင်း မရှိစေရ။ တစ်တန်းတည်းစား၍ တစ်တန်းတည်းအိပ်ကြရလေသည်။ အင်္ဂလိပ်တို့ကို အားကျခြင်း အားဖြင့် အလုပ်ကြမ်းကို ကြောက်ရွံ့၊ ဟန်ကြီးပန်ကြီး လုပ်ချင်တတ်လှသော ကျွန်ုပ်တို့ မြန်မာလူမျိုး လူငယ် များအတွက် ၎င်းစနစ်ထက် ကောင်းမွန်သော စနစ်တစ်ခုကို ကျွန်ုပ်တို့ စဉ်းစား စိတ်ကူး၍ မရနိုင်အောင် ရှိချေတော့၏။ ထိုကဲ့သို့လေ့ကျင့် ပေးရလျှင် ပျင်းရိသည်ဟူသော စွပ်စွဲချက်သည်လည်း ပပျောက်သွား တန်ရာ ရှိချေသည်။
စွပ်စွဲချက်များ
မြန်မာလူမျိုးကို စွပ်စွဲသော အချက်များအနက် ပျင်းရိခြင်းကို ထုတ်နုတ်လိုက်သည်ရှိသော် ကောင်ကျစ်စဉ်း လဲခြင်း၊ မညီညွတ်ခြင်း၊ မရိုးဖြောင့်တတ်ခြင်း စသည့် အခြင်းအရာများ ကြားရဖူးတတ်၏။ မညီညွတ်ခြင်း ဆိုသော အခြင်းအရာမှာ အိမ်ရှင်ဖြစ်သော မြန်မာများကို ဧည့်သည်ဖြစ်သော ကုလားများ၊ တရုတ်များနှင့် နှိုင်းယှဉ်လိုက် လျှင် အနည်းငယ် အောက်ကျနောက်ကျ ရှိနေသကဲ့သို့ မှတ်ထင်ရန် ရှိပေလိမ့်မည်။ သို့သော် တစ်မြို့တစ်ရွာ တည်းတို့မည်သည် အခြားသောမြို့တစ်ရွာ၌ ဆုံစည်းကြသည့်အခါ တစ်ယောက်နှင့် တစ် ယောက် သည်းခံ ဆက်ဆံတတ်သည် ဖြစ်၍ ညီညွတ်သော သဘောသည် ဓမ္မတာအလျောက် ပေါ်ပေါက်ရ မြဲဖြစ်လေသည်။ ကျွန်ုပ်တို့ မြန်မာများသည်လည်း ကုလားပြည်၊ အင်္ဂလိပ်ပြည်၊ ဂျန်ပန်ပြည် စသည်တို့၌ တွေ့ဆုံကြသည့်အခါ အလွန်ညီညွတ်ကြသည်ဟု ကြားရဖူးသောကြောင့် မြန်မာ လူမျိုးတို့ရဲ့ မညီညွတ်သော သဘောသည် သွေးထဲ တွင် ပါဝင်နေသည်ဟု မဆိုနိုင်ပေ။ ကောက်ကျစ်စဉ်းလဲခြင်း၊ မရိုးဖြောင့်ခြင်းစသော စွပ်စွဲချက်တို့မှာ အိန္ဒိယ တိုင်းသားများနှင့် ရောနှောဆက်ဆံခြင်း အလွန်းနည်းပါးသော သူတို့၏ စွပ်စွဲချက် လောက်သာ ဖြစ်ချေ၏။ လူမျိုး တကာနှင့် ဆက်ဆံဖူးသူမှာ မြန်မာလူမျိုးကို ထုတ်နုတ်ရွေးချယ်၍ ကောက် ကျစ်စဉ်းလဲသော လူမျိုးဟု ထုတ်ဖော်စွပ်စွဲခြင်း ပြုကြမည် မဟုတ်ချေ။ စင်စစ်သော်ကား လောက၌ ရိုး ဖြောင့်သော လူမျိုးဟူ၍ချီးမွန်းရန် လည်းကောင်း၊ ကောက်ကျစ်သောလူမျိုး ဟူ၍လည်းကောင်း၊ လူမျိုး သီးခြားရှိနိုင်မည် မဟုတ်ပေရာ လူတစ် မျိုးနှင့် တစ်မျိုး၊ ပိန်မသာလိန်မသာ များလောက်သာ ရှိနေကြပေ လိမ့်မည်။ ရိုးဖြောင့်ခြင်း၊ ကောက်ကျစ်ခြင်း ဆိုသော အရာများမှာ လူမျိုးပေါ်၌ မူတည်ခြင်းမရှိပါ၊၊ လူတို့၏ အခြေအနေပေါ်၌ မူတည်နေ တတ်သည်ဖြစ် ပေရာ လူဆင်းရဲဟူ၍ အလွန်နည်းပါး လှသော ပါရမီလူမျိုးများ အနက်တွင် သူခိုးဓားပြဟူ၍ အလွန်နည်း ပါးခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ကြပေသည်။
ထူးခြားသော မြန်မာ့ဂုဏ်
မြန်မာလူမျိုး၏ ညံ့ဖျင်းသည်ဟူ၍ စွပ်စွဲခြင်းခံရသော အခြင်းအရာများကို ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်ရာ ယခု အခါ၌ မြန်မာတို့၏ ကောင်းမြတ်သော ဂုဏ်အခြင်းအရာများအကြောင်းကို ဖော်ထုတ်ရေးသား ရပေဦးအံ့။ သင်ကြား၍ တတ်မြောက်လွယ်ခြင်း အရာ၌ မြန်မာလူမျိုးသည် ကမ္ဘာပေါ်ရှိ မည်သည့် လူမျိုးနှင့်မဆို ယှဉ် ပြိုင်နိုင်လောက်ပေရာ "ပါးရည်နပ်ရည်" ရှိခြင်း၊ အတိုအထွာဘက်၌ ဉာဏ်သွားခြင်း စသော အရာမျိုးတွင် မူကား မြန်မာသည် ကမ္ဘာတွင် အလွန်ကျွမ်းကျင် လိမ္မာသော ဗိုလ်ကပြားကလေးများက အချို့နေရာတွင် မြန်မာဉာဏ်ကို အသုံးပြု ခြင်းအားဖြင့် အင်္ဂလိပ်များကို နိုင်ရသည်ဟု ၀န်ခံပြောဆိုသည်ကို ကြားရဖူး၏။ စင်စစ်မှာ အသေးအဖွဲနှင့် ပတ်သက်သည့် ဖြတ်ထိုးဉာဏ်ပေါ်သော အခြင်းအရာမျိုးမှာ ကမ္ဘာပေါ်တွင် မျိုး လိုက်ရိုးလိုက် ချီ၍ကြည့်သော် မြန်မာတစ်မျိုးတည်း၌သာ ရှိသည်ဟု ကျွန်ုပ် ဆိုချင်၏။ အလွန်းနည်းပါးသော အခြားလူမျိုး တစ်ယောက်တလေ၌ ၎င်းဉာဏ်မျိုး တွေ့ရ တတ်သည်မှာ မှန်သော်လည်း လူမျိုးလိုက်ခြုံ၍ အနည်းနှင့်အများ ရှိတတ်သည်မှာ မြန်မာ လူမျိုး တစ်မျိုးတည်းသာ ရှိ၏။ အခြားလူမျိုးပါးနပ်လျှင် မြန်မာ အိပ်နေသလောက် ရှိသည်ဟု ဆိုချင်၏။ ဤကား မြန်မာလူမျိုး၏ ထူးကဲသော အချက်ပေတည်း။ ဤအခြင်း အရာကို ၀န်မခံလိုသော မြန်မာလူမျိုးတစ်ယောက် ရှိခဲ့လျှင် ထိုသူ၌ ထိုအရည်အချင်းမျိုး ချို့တဲ့နေသော ကြောင့်သာ ဖြစ်ရမည်ဟု ကျွန်ုပ်ဆိုလို၏။
မြန်မာနှင့် ဒါနမှု
ထို့ပြင် ပေးကမ်းစွန့်ကြဲခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မြန်မာလူမျိုး၌ ထူးကဲသော အချက်ကို မကြားသေး မီက ကျွန်ုပ်တို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်မှာ စိတ်နှလုံးကို အလွန်ထိခိုက်သဖြင့် တစ်သက်လုံး မမေ့နိုင် အောင် ရှိတော့၏။ ရန်ကုန်မြို့ကို ဂျပန်လေယာဉ်ပျံများက ရှေးဦးစွာ ဗုံးများကြဲချစဉ် မြို့သူမြို့သားများသည် မီးသင်္ဘော၊ မီးရထား စသည်တို့ဖြင့် အမြို့မြို့အရွာရွာတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၏။ ထိုစဉ်အခါ အရပ်ရပ် သော ဆိပ်ကမ်း၊ အရပ်ရပ်သော ဘူတာရုံ စသည်တို့မှ မြို့သူမြို့သားများသည် အမျိုးမျိုးသော စားဖွယ် သောက်ဖွယ်တို့ဖြင့် ရန်ကုန်မြို့ရှိ ဗုံးမှန်ထားသည့် ဒုက္ခိတများအား ပေးဝေလှူဒါန်းကြရာ လမ်းတစ်လျှောက် လုံး စား၍ မကုန်နိုင်၊ သောက်၍ မကုန်နိုင်အောင် ရှိနေတော့၏။ တတ်နိုင်သူများက ထောပတ်ထမင်း၊ ဒံပေါက်ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း စသည်တို့ဖြင့် အထုတ်လိုက် ရက်ရောစွာ ပေးဝေကြရာ မကြွယ်ဝသူ အလှူရှင်များ ကလည်း သရေစာ၊ ဆေးလိပ်၊ ကွမ်းထုပ်၊ လက်ဖက်ထုပ် စသည်တို့ဖြင့် တတ် အားသမျှ ဝေငှပေးကမ်းကြ၏။ တစ်ခုသော ဘူတာရုံတွင် အဘိုးကြီးတစ်ယောက်နှင့် အမယ်ကြီးတစ် ယောက်သည် မိမိတို့၏ အခင်းမှ လတ်လတ်ဆတ်ဆတ် နှုတ်ယူလာခဲ့ဟန်ရှိသည့် ပဲစားဥတွဲများကို လက်နှစ် ဖက်တွင် မနိုင့်တနိုင် ဆွဲလျက် ကျွန်ုတို့ အနီးသို့ ချဉ်းကပ်ကာ… "လမ်းစားဖို့ ယူသွားစမ်းပါ မောင်ရယ်၊ သူများလို လိမ္မော်သီး မတတ်နိုင်ပေမယ့် ကျုပ် တို့ကိုယ်တိုင် စိုက်တဲ့ ပဲစားဥ ကလေးကို စားစေချင်လွန်းလို့ နှုတ်ပြီး ယူခဲ့ရတာပါ စားကြစမ်းပါမောင်ရယ်" ဟု ပြောကာ အတွဲလိုက် ထည့်ပေးလိုက်ကြလေရာ ကျွန်ုပ်မှာ အဘိုးကြီးလင်မယား၏ သဒ္ဓါကြည်ဖြူသော စိတ်စေတနာကို ဆင်ခြင်အောက်မေ့သဖြင့် မျက်ရည်များ လည် လာမိ၏။
ကျွန်ုပ်တို့၏ မီးရထားတွဲပေါ်၌ တရုတ်၊ ကုလားစသည့် အခြားလူမျိုးများလည်း ပါရှိလေရာ ကျွန်ုပ်က "ခင်ဗျား တို့ တိုင်းပြည်မှာ ဒီလို သဒ္ဓါကြည်ဖြူ ရက်ရက်ရောရော ပေးလားကမ်းလား လုပ်ကြတာကို မြင်ဖူးကြုံဖူး ရဲ့လား" ဟု မေးလိုက်သဖြင့် ၎င်းတို့က မမြင်ဖူး၊ မကြုံဖူးကြောင်းနှင့် ၀န်ခံထွက်ဆိုကြ၏။ ထိုအခါ၌ ကျွန်ုပ် သည် မြန်မာ ဖြစ်ရခြင်းတည်းဟူသော အဖြစ်ကို အလွန်တရာဝမ်းမြောက် ဂုဏ်ယူလျက် "ဟောဒါမှ ဗမာကွ" ဟု ဟစ်အော် ကြွေးကြော်လိုက်သော်လည်း ကျွန်ုပ်၏ မျက်နှာထားသည် ထိုအကြောင်းကို ဖော်ထုတ်ပြသ နေဟန် လက္ခဏာ ရှိရကား အနီးတွင်လိုက်ပါလာကြသော တရုတ်နှင့်ကုလား ခရီးသည်များက "တော်ပါပေ တယ်ဗျာ၊ ခင်ဗျားတို့ ဗမာတွေ အာကြီး စိတ်ကောင်းတယ်၊ အားကြီးကူညီတယ်" ဟု ကျွန်ုပ်အား ဖော်ထုတ် ၀န်ခံ သွားကြရ၏။ "ရွှေဗမာတို့ လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ" ဟု ရှုတ်ချရွတ်ဆိုလေ့ ရှိသော မြန်မာများအား ဤအချက်ကို အထပ်ထပ် နှလုံးသွင်းစေလို၏။
မြန်မာကို မြန်မာရှုတ်ချထိုက်သလော
မြန်မာလူမျိုး၌ ညံ့ဖျင်းသောအချက်များ ရှိခြင်း၊ ကောင်းမြတ်သောအချက်များ ရှိခြင်းကို အပထား၍ မြန်မာ လူမျိုး အကြောင်းကို မြန်မာအချင်းချင်းက မြိန်ရေရှက်ရေ ကဲ့ရဲ့ရှုတ်ချ ထိုက်သလောဟု စဉ်းစားဆင်ခြင် စေလိုသေး၏။ ကျွန်ုပ်တို့သည် 'အမိမြန်မာပြည်' ဟူသောစကားကို တိုင်းရေးပြည်မှုနှင့် ပတ်သက်သော နေရာတိုင်း သုံးနှုန်းကြသော စကားမျှသာ ဖြစ်ပေရာ အမိမြန်မာပြည်ကို ချစ်ခင်ခြင်း ဆိုသည်မှာ မိမိတို့၏ မြန်မာပြည်နှင့် မြန်မာလူမျိုးကို ချစ်ခင်ခြင်း မျှသာဖြစ်၏။ သို့ဖြစ်ရကား မြန်မာအမျိုးသားသည်ပင်လျှင် မြန် မာတို့၏ မိခင်ဖြစ် ချေ၏။ မြန်မာအမျိုးသားတို့၏ အကြောင်းကို ရှုတ်ချပြောဆိုခြင်းသည် အမိမြန်မာပြည် အကြောင်းကို ရှုတ်ချ ပြောဆိုရာ ရောက်၏။ အကြင်သူ တစ်ယောက်၏ မိခင်သည် အကျင့်စာရိတ္တ မကောင်းသဖြင့် လင်ငယ်နေ ငြားအံ့။ ထိုသူသည် မိခင် လင်ငယ်နေသောအဖြစ်ကို မြိန်ရေ ရှက်ရေနှင့် ထုတ်ဖော်ကြေငြာခြင်း ပြုချေမည် လော။ မိခင် မကောင်းသော အဖြစ်ကို လူသူလေးပါးတို့ ရှေ့၌ အခါအခွင့် သင့်တိုင်း ဖော်ထုတ်စွပ်စွဲခြင်း ပြုချေမည်လော။ စင်စစ်သော်ကား မိမိလူမျိုး၏ မကောင်းသောအဖြစ်၊ ညံ့ဖျင်းသိမ်ငယ်သော အဖြစ် တို့ကို ဖော်ထုတ်ရှုတ်ချသော မြန်မာအမျိုးသားသည် မိမိ၏ မွေးသမိခင် ကြောင်းကို ပရိသတ် ဗိုလ်ထု အလယ်တွင် ဖော်ထုတ်ရှုတ်ချသောသူနှင့် ခြားနားခြင်းမရှိချေ။ ဤအခြင်း အရာနှင့်နှိုင်းယှဉ်သော် "ကိုယ့်ပေါင် ကိုယ်လှန် ထောင်းခြင်း" ဟူသော ဥပမာသည် အလွန်ပျော့နေသေး၏။ မွေးသမိခင် အကြောင်းကို မြိန်ဖွယ်ရှက်ဖွယ် အားရပါးရ ရှုတ်ချကဲ့ရဲ့ခြင်းကဲ့သို့ မိုက်မဲသော အပြုအမူသည် ရှိမည်မဟုတ်ချေ။ ထို့ပြင် မြန်မာလူမျိုး၏ အကျင့်စာရိတ္တကို မြန်မာကိုယ်တိုင်က ကဲ့ရဲ့ရှုတ်ချခြင်းသည် အဘယ်မျှလောက် အကျိုးဆုတ်ယုတ်ပျက်ပြားသည်ဟု စဉ်းစားဆင်ခြင် မိကြဟန် မတူချေ။
မြန်မာကို မြန်မာက ကဲ့ရဲ့ရှုတ်ချခြင်းသည် ယခုအခါတွင် အလွန်ခေတ်စားလျက်ရှိရာ တစ်ဦးကစ၍ ပြော လိုက်လျှင် အနီးရှိ လူများက ၀ိုင်းဝန်းထောက်ခံလိုက်ကြသည်သာ များနေတော့၏။ မြန်မာကို ကဲ့ရဲ့ရှုတ်ချ ပြောဆိုသံ ဆယ်ကြိမ်ကြားသည့် အနက်တွင် တစ်ကြိမ်တလေမှ တစ်ဦးတစ်ယောက်သော သူက ခုခံချေပ ပြောဆိုခြင်းကိုမျှ မကြားဖူးချေ။ ကုလားနှင့်တရုတ်တို့ကို ကဲ့ရဲ့ရှုတ်ချသံ ဆယ်ကြိမ်ကြားရသည့်အခါ ၎င်းတို့ ဘက်မှ ခုခံပြောဆိုသူ မြန်မာ တစ်ယောက်တလေမျှ ဖြစ်စေ ပေါ်ထွက်တတ်ပေရာ မြန်မာကို မြန်မာက ရှုတ်ချ ကဲ့ရဲ့ရာတွင် ခုခံချေပလိုသူ မြန်မာတစ်ယောက်တလေမျှ ထွက်ပေါ်လာခြင်းမရှိသည်မှာ ၀မ်းနည်းဖို့ ကောင်းလှ၏။
ကာကွယ်ရန် နည်းလမ်း
သို့သော် ဤကိစ္စမှာ ၀မ်းနည်းနေရုံမျှမပြီး။ မြန်မာ၏ အကျိုးကို ထိခိုက်လျက် ရှိသောကြောင့် ခုခံကာကွယ် ရန် နည်းလမ်း ရှာကြံကြရပေမည်။ ထိခိုက်ပုံကား မြန်မာကို မြန်မာက အထင်အမြင် သေးသိမ်နေခဲ့လျှင် မြန်မာ အချင်းချင်း ဖက်စပ်လုပ်ကိုင်ကြရမည့် လုပ်ငန်ကြီးများ၊ အစုစပ် ကုမ္ပဏီအလုပ်ကြီးများ စသည်တို့ကို မြန်မာ များသည် ဘယ်သော အခါတွင် စတင်လုပ်ကိုင်နိုင်ရန် ရှိအံ့နည်း။ မည်သူမဆို အလုပ်ကြီး တစ်ခုကို လုပ်ကိုင်သည့် အခါ ငါသည် ဤအလုပ်ကို ထမြောက်အောင် စွမ်းဆောင်နိုင်သော အရည်အချင်း ရှိသည်ဟု ယုံကြည်စိတ်ချနိုင်သော စိတ်သဘောမျိုး ရှိထားဖို့ အရေးကြီးကြောင်းကို လူတိုင်းပင် နားလည်ကြရမည် ဖြစ်၏။ လူမျိုးကို မီ၍ လုပ်ကိုင်ရသော အလုပ်မျိုးတွင် ၎င်းစိတ် သဘောမျိုး ရှိဖို့ အလားတူ အရေးကြီး၏။ စင်စစ်မှာ သာလွန်၍ပင် အရေးကြီး၏။ တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ်ချနိုင်သော စိတ်သဘောမျိုး မဖြစ် ပေါ်နေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ မြန်မာလူမျိုးသည် မည်ကဲ့သို့သော အုပ်ချုပ်ရေးစနစ်မျိုးကို ရရှိသည် ဖြစ်စေ အလုပ်ကြီးအကိုင်ကြီးများ ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်မည် မဟုတ်ချေ။ အလုပ်ကြီး အကိုင်ကြီး များကို ဖြစ်အောင် မစွမ်းဆောင်နိုင်သေးသမျှ ကာလပတ်လုံး စီးပွားရေးဘက်တွင် ချို့ငဲ့၍ လူမျိုးကွဲများ အောက်တွင် အစဉ်မမြဲနေကြရမည် ဧကန်မလွှဲပေတည်း။ ယခုအခါ ဂျပန်တို့ ရောက်လာခဲ့ကြချိန် ထိုက်တန် သော အုပ်ချုပ်ရေးမျိုး ပေးအပ်တော့မည် ဆိုရာ ကျွန်ုပ်တို့ မြန်မာလူမျိုးများအဖို့ အလုပ်ကြီး၊ အကိုင်ကြီးများ စတင် တည်ထောင်ရန် အခွင့်အလမ်းများသည် အတိုင်းမသိအောင် ပေါ်ပေါက်ပေတော့မည်။ ထိုအခါတွင် မြန်မာကို မြန်မာက အထင်အမြင်သေးခဲ့လျှင် အလုပ်လုပ်ရန်ပင် ဖြစ်နိုင်မည် မဟုတ်သောကြောင့် မိမိလူမျိုး ကို မိမိအထင်သေး အမြင်သေးသော စိတ်သဘောထားမျိုးကို ယခုမှစ၍ ပယ်ဖျောက်ရန် ကြိုးစားကြရ ပေလိမ့်မည်။ ကျွန်ုပ်တို့ ဆိုလိုရင်ကား မွေးသမိခင်၏ မကောင်းသော အချက်တစ်ခုကို သိထားသော သားသည် ထိုအချက်ကို ပယ်ဖျောက်ရန် ခဲယဉ်းမည် မှန်သော်လည်း မိမိကိုယ်တိုင် ထိုအကြောင်းကို ထုတ် ဖော်ကြေညာခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးတို့ ပြောကြသည်ကို နှိပ်ကွပ်ဖုံးအုပ်ခြင်းစသဖြင့် အရုပ်ဆိုး သည်ထက် မဆိုးရလေ အောင် ကာကွယ်စောင့်ရှောက်နိုင်သော နည်းလမ်းဖြစ်ပေ၏။
မြန်မာတို့ ညံ့ဖျင်းသည် ဆိုသောအချက်များမှ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တပ်အပ်သေချာ စွပ်စွဲနိုင် သည်လည်းမဟုတ်။ ၎င်းတို့ ခုနှိမ်လောက်စေရန် စင်စစ်ကောင်းမြတ်သော အချက်များသည် ဒုနှင့်ဒေး ရှိနေသေးသည် ဖြစ်ပေရာ၊ ကျွန်ုပ်တို့သည် မိခင်၏ အရှက်ကို ကာကွယ်သည့်အလား ကျွန်ုပ်တို့ လူမျိုးကို ကျွန်ုပ်တို့ ကိုယ်တိုင် ရှုတ်ချ အရှက်ခွဲရာရောက်သော စကားမျိုးကို ဆိုခြင်းမှ ရှေးဦးစွာ ရှောင်ကြဉ် အပ်ပေ၏။ ဒုတိယအချက်၌ ထိုကဲ့သို့ ရှုတ်ချ အရှက်ခွဲရာရောက်သော စကားမျိုးကို သူတစ်ပါးတို့ ဆိုသည်ကို ကြားရသော အခါ အကျိုးအကြာင်းကို နည်းသင့် လမ်းသင့် ဖော်ပြ၍ တောင်းပန်တားမြစ်အပ်ပေ၏။
ဤစာကို ဖတ်ရှုရသော မိတ်ဆွေအပေါင်းတို့သည် အထက်ဖော်ပြာပါ အခြင်းအရာများကို ကျေနပ်နှစ်ခြိုက် သဖြင့် အထက်ပါ နည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်ပါတော့မည်ဟု သန္နိဌာန် ချထားကြပါမူ ကျွန်ုပ်တို့ ရေးသားသတိပေးရကျိုး နပ်သည်ဟု သဘောထား၍ လူမျိုးကို အညွန့်တုံးအောင် ပြုလုပ်ရာရောက်သည့် အလေ့အကျင့် ဆိုးကြီးတစ်ခုသည်လည်း ကွယ်ပျောက်ရန် အခြေခံသွားပြီ ဟူ၍ ယုံကြည်မျှော်လင့်မိပေ တော့သတည်း။
သူငယ်ချင်းတို့အတွက် မျှဝေလိုက်ပါတယ်နော်
.....ကျေးဇူးတင်ပါတယ်.....

18 September, 2011
Gtalk ထဲမှာ youtube ကဗီဒီယိုတွေကြည့်ရအောင်
ကဲ..သူငယ်ချင်းတို့ကို ...ပြန်လည်မျှဝေချင်တာလေးရှိလို့ပါ
ဘာလဲဆိုရင် youtube ထဲက video ကို ကိုယ့်နဲ့ချက်တဲ့လူပါကြည့်လို့ရအောင်... Chat box ထဲမှာထဲ့နိုင်
တဲ့ဆော့ဝဲလေးပါ...။
Gtheme လို့ခေါ်ပါတယ်။ အရင်တင်ထားတဲ့ Mytheme ထက်ပိုကောင်းပါတယ်။ smileys,radio channels,TV news channel, google video,youtube video စတာတွေကို ကိုယ့်ဂျီတော့ရဲ့ ချက်ဘောက်ထဲမှာပဲ ကြည့်နိုင်နေပါပီ။ အဲဒီလိုတီထွင်လိုက်သူက Mr Ravi Sharma တဲ့။
ဟုတ်ပီ စလိုက်ရအောင်...
၁။ Gtheme ကို ဒီမှာဒေါင်းလိုက်ပါ။ Zip ဖိုင်ဆိုတော့ winwar မလိုတော့ဘူးပေါ့နော်။
၂။ ရလာတဲ့ဖိုင်ကို ဖြေလိုက်ရင် gtheme ဆိုတဲ့ဖိုတာရပါမယ်။ အဲဒီထဲမှာ Readme ဖိုင်လေးပါပါတယ်။
၃။ ဟုတ်ပီ... ဖွင့်ထားတဲ့ Gtalk Chat Box လေးကို ခနပိတ်ထားပါဦးနော်....။ install.exe ကို run
လိုက်ပါ။ install လုပ်တာပီးပါပီ။
၎။ ဒီတခါ Gtalk ရဲ့ Setting မှာနဲနဲလေး ပြောင်းပေးရမယ်။ အဲတော့... Gtalk က Setting ထဲကိုဝင်ပါ။
Setting ထဲက Appearence မှာ Chat Theme ကို ... sravi chat theme ကိုရွေးပေးပါ။ ဒါဆို ပြိးပီ။
၅။ Background ပြောင်းမယ်။ အော် ပြောင်းမယ့်ပုံက 300 x 225 ဆိုပိုပီးအဆင်ပြေပါတယ်။ မဟုတ်ရင်
ပုံကြီးက အကြီးကြီးဖြစ်နေမှာဗျ။
၆။ ပုံဆိုက်ရွေးပီးပြီဆိုရင် .. Start-->All Program -->gtheme--> Change Background ကိုနှိပ်လိုပါ။
အဲ..ပေါ်လာတဲ့ ဘောက်ထဲမှာ ကိုထဲ့ချင်တဲ့ပုံကိုရှာပေးလိုက်ပီး Open ကိုကလစ်လိုက်ပါ....။
၇။ Smiley သုံးတာလေးကလွယ်ပါတယ်... smiley: လေးတော့ရှေ့ကထဲ့ပေးရပါမယ်။
smiley:Rest လိုက်ရိုက်လိုက်တယ်ဆိုပါတော့....ဒီလိုလေးပေါ်လာမယ်။
၈။ ကျန်တဲ့ Smiley လေးတွေကတော့ Readme ဖိုင်ထဲမှာ ပါပါတယ်။
၉။ Chat box ထဲမှာ video ကြည့်ဖို့အတွက်.....
--- google video ဆိုရင်.... --> sravi:gvideo: (video link)
--- Youtube video ဆိုရင်.... --> sravi:uvideo: (video link)
အောက်ကပုံလေးကြည့်ပါ.... ကျွန်တော်က ဥပမာ။ youtube video တစ်ခုထဲ့ပါမယ်။
sravi:uvideo:<http://www.youtube.com/watch?v=FCZN3poplx4>
ဒီလိုဆိုရင်....အောက်ကအတိုင်းပေါ်လာပီ။
ကဲဒါဆိုအားလုံးအဆင်ပြေပီပေါ့နော်....။ တစ်ခုရှိတာက ကိုယ်နဲချက်တဲ့လူလဲ gtheme ကိုသွင်းထားဖို့တော့
လိုတာပေါ့။
ဒီပို့စ်လေးကို ကိုဇော် ရဲ့ဆိုက်ကလေးကတွေ့ပြီး ပြနှ် Share ထားတာပါ။
.....ပျော်ရွှင်ကြပါစေနော်.....

11 September, 2011
တူမလေးရဲ့ အာဟာရ စားသုံးခြင်း
ဒါက ကျွန်တော့တူမ ပူပူနွေးနွေးလေးပါ..... ချစ်စရာလေးနော်....
ကြီးလာရင်တော့ဘယ်လိုနေမလဲမသိ.....ခုအရွယ်မှာကို နို့တအားစို့တာဗျ........
"မင်းရဲ့စိတ်နဲ့....ကိုယ့်ရဲ့ကိုယ်"
ကောင်မလေးရေ……
မနေ့က မင်းပြုံးခဲ့တဲ့ အပြုံးလေ
ကိုယ်နဲ့မသက်ဆိုင်လည်း
ကိုယ်က ပြုံးမိလေရဲ့
ကောင်မလေးရေ…..
မနေ့က မင်းရယ်ပုံလေးလေ
ကိုယ့်တွက် မဟုတ်ခဲ့လည်း
ကိုယ်လည်း အတူရယ်ချင်ရဲ့
ကောင်မလေးရေ…..
မနေ့က မင်းပျော်နေတော့လေ
ကိုယ်နဲ့ မပတ်သတ်လည်း
ကိုယ်လည်း ပျော်ချင်ရဲ့
ဒီနေ့မင်းငိုနေတော့
ကိုယ်မျက်ရည် ကျတယ်
ဒီနေ့ မင်းဝမ်းနည်းတော့
ကိုယ်လည်း ၀မ်းနည်းနေတယ်
မင်းရဲ့စိတ်နဲ့ကိုယ့်ရဲ့ကိုယ်
မင်းတွက်နဲ့ ငါ့ဘဝ
တစိတ်တဒေသ
ဖြစ်ပေါ်နေလေရဲ့
ကောင်မလေးရေ……..
မြူမင်းသွင်
မနေ့က မင်းပြုံးခဲ့တဲ့ အပြုံးလေ
ကိုယ်နဲ့မသက်ဆိုင်လည်း
ကိုယ်က ပြုံးမိလေရဲ့
ကောင်မလေးရေ…..
မနေ့က မင်းရယ်ပုံလေးလေ
ကိုယ့်တွက် မဟုတ်ခဲ့လည်း
ကိုယ်လည်း အတူရယ်ချင်ရဲ့
ကောင်မလေးရေ…..
မနေ့က မင်းပျော်နေတော့လေ
ကိုယ်နဲ့ မပတ်သတ်လည်း
ကိုယ်လည်း ပျော်ချင်ရဲ့
ဒီနေ့မင်းငိုနေတော့
ကိုယ်မျက်ရည် ကျတယ်
ဒီနေ့ မင်းဝမ်းနည်းတော့
ကိုယ်လည်း ၀မ်းနည်းနေတယ်
မင်းရဲ့စိတ်နဲ့ကိုယ့်ရဲ့ကိုယ်
မင်းတွက်နဲ့ ငါ့ဘဝ
တစိတ်တဒေသ
ဖြစ်ပေါ်နေလေရဲ့
ကောင်မလေးရေ……..
မြူမင်းသွင်
"တမ်းတခြင်း"
လမင်းမဲ့ ည
မိုးသားမဲ့ ကောင်းကင်
လှိုင်းမဲ့ ပင်လယ်
သံစဉ်မဲ့ သီချင်း
အားလုံးဟာမပြည့်စုံဘူး
ငါ့ ညတွေ
ငါ့ ကောင်းကင်တွေ
ငါ့ ပင်လယ်တွေ
ငါ့ သီချင်းတွေ
မပြည့်စုံခဲ့ဘူး
လှည့်ကြည့်လှဲ့ပါ ချစ်သူ
အခုဆို ငါ့ညတွေ အရောင်မှိန်
ကောင်းကင်ဟာ မိုးသားတွေမဲ့
ငါ့ ပင်လယ်ဟာငြိမ်သက်
ငါ့ သီချင်းတွေသံစဉ်မဲ့
ချစ်သူရယ်
ပြည့်စုံခွင့်ပေးပါ……….နော်……
မိုးသားမဲ့ ကောင်းကင်
လှိုင်းမဲ့ ပင်လယ်
သံစဉ်မဲ့ သီချင်း
အားလုံးဟာမပြည့်စုံဘူး
ငါ့ ညတွေ
ငါ့ ကောင်းကင်တွေ
ငါ့ ပင်လယ်တွေ
ငါ့ သီချင်းတွေ
မပြည့်စုံခဲ့ဘူး
လှည့်ကြည့်လှဲ့ပါ ချစ်သူ
အခုဆို ငါ့ညတွေ အရောင်မှိန်
ကောင်းကင်ဟာ မိုးသားတွေမဲ့
ငါ့ ပင်လယ်ဟာငြိမ်သက်
ငါ့ သီချင်းတွေသံစဉ်မဲ့
ချစ်သူရယ်
ပြည့်စုံခွင့်ပေးပါ……….နော်……
"မရှိပေမယ့်.....ရှိနေတယ်"
Tutorialဖြေမယ့်စာတွေ မ၇သေးဘူးလို့
ကျွန်တော် ပြောတိုင်း …
“ဘယ်၇မလဲ စာမှမကျက်ပဲ”လို့ဆိုတဲ့
စကားမျိုးထပ်ေ၇ာက်မလာတော့ပါဘူး။
စာမေးပွဲဖြေဖို့ စာတွေ မ၇သေးဘူးလို့
ကျွန်တော် ပြောတိုင်း …
“မ ရဲ့ အချစ်က မောင့်အတွက်
တွန်းအားဖြစ်ပါစေ”လို့ဆိုတဲ့
စကားမျိုးထပ်ေ၇ာက်မလာတော့ပါဘူး။
ေ၇ကူးပြီးပြန်လာတိုင်း ချမ်းနေပြီးလို့
ကျွန်တော့်ပြောတိုင်း …
“မောင် အအေးမိလိမ့်မယ် ပြန်တော”့လို့ဆိုတဲ့
စကားမျိုး ထပ်ေ၇ာက်မလာတော့ပါဘူး။
မောင့်ကို ချစ်တယ်…
မောင့်ကို ၇င်ခုန်တယ်…
မောင့်ကို သနားတယ်…
အဲလိုစကားလုံးမျိုးတွေလည်း
ထပ်ရောက်မလာတော့ပါဘူး။
သူမ၇ှိတော့ပေမယ့်.
အခုချိန်ထိ…
ကြား..ယောင်..နေတယ်
မြင်..ယောင်..နေတယ်
နောက်ပြီး….
ကျွန်တော် ထာ၀၇ချစ်နေတယ်......
Genius

"သိပ်ချစ်လို့"
ရပ်တန့်လို့မှမရတော့လည်း
နေပါစေတော့….၊
ဆုံရှုံးသွားတဲ့ အချိန်တွေကတော့
တော်တော်လေးတန်ဖိုးရှိခဲ့ပါတယ်..၊
မနက်ဖြန်တိုင်းမှာတော့
ငါ့မျှော်လင့်ချက်တွေ အပြည့်ပဲပေါ့…။
ပုံဖော်တတ်ရအောင်က
ပန်းချီဆရာ မဟုတ်တာခက်နေတယ်..၊
အလွတ်ကျက်ထားတဲ့ မင်းပုံရိပ်တွေက
အိပ်စက်ချိန်တောင် အလွတ်မပေးခဲ့ဘူး..၊
ဒီစိတ်နဲ့ပဲ ငါရူးမယ်ထင်တယ်..။
အတွေးချော် တယ်ဆိုတာက
အရေးပေါ် အခြေ မို့ပါ..၊
ငါသေခဲ့ရင်တောင်မှ
ဝိညာဉ်က နင့်အနားမှာအမြဲပဲ…၊
အထင်မလွဲပါနဲ့…..
အဲဒါက သိပ်ချစ်လို့..။
အရိပ်ကလေး
နေပါစေတော့….၊
ဆုံရှုံးသွားတဲ့ အချိန်တွေကတော့
တော်တော်လေးတန်ဖိုးရှိခဲ့ပါတယ်..၊
မနက်ဖြန်တိုင်းမှာတော့
ငါ့မျှော်လင့်ချက်တွေ အပြည့်ပဲပေါ့…။
ပုံဖော်တတ်ရအောင်က
ပန်းချီဆရာ မဟုတ်တာခက်နေတယ်..၊
အလွတ်ကျက်ထားတဲ့ မင်းပုံရိပ်တွေက
အိပ်စက်ချိန်တောင် အလွတ်မပေးခဲ့ဘူး..၊
ဒီစိတ်နဲ့ပဲ ငါရူးမယ်ထင်တယ်..။
အတွေးချော် တယ်ဆိုတာက
အရေးပေါ် အခြေ မို့ပါ..၊
ငါသေခဲ့ရင်တောင်မှ
ဝိညာဉ်က နင့်အနားမှာအမြဲပဲ…၊
အထင်မလွဲပါနဲ့…..
အဲဒါက သိပ်ချစ်လို့..။
အရိပ်ကလေး
"လိုက်လျောပေးပါ"
အသက်မပါတဲ့ ချစ်သူ၇ဲ့
မျက်ဝန်း နက်လေး ကို
ချစ်တယ်၊
ဟန်ဆောင်ပြောတဲ့ ချစ်သူ၇ဲ့
စကားလုံးလေးတွေကို
ချစ်တယ်၊
ပေါက်ကွဲလွယ်တဲ့ ချစ်သူ၇ဲ့
ဒေါသစိတ်လေးတွေကို
ချစ်တယ်။
ချစ်တယ်လို့ ပြောတဲ့ ချစ်သူ၇ဲ့
အချစ်စကားလေး ကိုလည်း
ချစ်တယ်။
၇င်တစ်ခုလုံးကွဲစေတဲ့ ချစ်သူ၇ဲ့
အပြုအမူလေး ကိုလည်း
ချစ်တယ်။
သူ ………..ဘာပြောပြော
ချစ်တယ်။
ငါ ကိုသတ်၇င်သတ်
၇င်ထဲက
မငိး ကိုချစ်တဲ့ အချစ်ကိုတော့
မသတ်ပါနဲ့၊ချန်ထားပါ။
(ချစ်သူ၇ယ်)
Genius
မျက်ဝန်း နက်လေး ကို
ချစ်တယ်၊
ဟန်ဆောင်ပြောတဲ့ ချစ်သူ၇ဲ့
စကားလုံးလေးတွေကို
ချစ်တယ်၊
ပေါက်ကွဲလွယ်တဲ့ ချစ်သူ၇ဲ့
ဒေါသစိတ်လေးတွေကို
ချစ်တယ်။
ချစ်တယ်လို့ ပြောတဲ့ ချစ်သူ၇ဲ့
အချစ်စကားလေး ကိုလည်း
ချစ်တယ်။
၇င်တစ်ခုလုံးကွဲစေတဲ့ ချစ်သူ၇ဲ့
အပြုအမူလေး ကိုလည်း
ချစ်တယ်။
သူ ………..ဘာပြောပြော
ချစ်တယ်။
ငါ ကိုသတ်၇င်သတ်
၇င်ထဲက
မငိး ကိုချစ်တဲ့ အချစ်ကိုတော့
မသတ်ပါနဲ့၊ချန်ထားပါ။
(ချစ်သူ၇ယ်)
Genius
"သိပ်ချစ်မိတဲ့အကြောင်း"
သေချာပါတယ်ချစ်သူ….
ငါနင့်ကို ကြာလေချစ်လေဆိုတာ
အပြုံးမပျက် အမုန်းမဖက်ဘဲ
ငါမှငါ ရည်ရွယ် ချစ်တဲ့နင့်ကို
စိတ်ကူးထဲမှာတောင် ငါ မစွန့်လွတ်ရက်ပါဘူး…..။
ငါ ကျိန်ဆိုတယ် ချစ်သူ
နင့်အတွက် သစ္စာစစ်နဲ့ ဖြစ်တည်မှု
ငါ့ကို နေ့စဉ်အဖော်ပြုနေပြီဆိုတာ
ငါ့အပျော်ကို ရှေးရှု လိုအင်တွေကို ဖန်တီး
အရာရာ ငါ့သဘော မငြိုမငြင် ချိုသာလွန်းတဲ့ နင့်ကို
ငါ့အတွေးထဲမှာတောင် သွေးမအေးဘူး………..။
ငါ ၀န်ခံတယ်ချစ်သူ
အစားထိုးဖို့နောက်ထပ်မရှိ
ငါ့သက်ပြင်းရှည်တွေက နင်နဲ့ဝေးမှာ စိုးရိမ်နေတယ်ဆိုတာ……
ငါ့မျက်နှာကို အရိပ်လိုငေး
အတိတ်ကို မတွေးစေဘဲ
ငါ့မနက်ဖြန်တွေကို တောက်ပစေခဲ့တဲ့ နင့်ကို….
အိပ်မက်ထဲတောင် ပေးမဝေးပါဘူး………….။
ကေသရီ

"ကိုယ့်အချစ် ကိုယ့်တေးသံတစ်ခုတည်းပါကွယ်"
မြက်ခင်းပြင်မှာပွင့်တဲ့ပန်း မြေကြီးနဲ့နီးစပ်သလို သူမလည်း ကိုယ့်နှလုံးသားနဲ့ နီးနေခဲ့တယ်။
အိပ်စက်ခြင်းဟာ ပင်ပန်းနွမ်းလျနေတဲ့
ကိုယ်လက်အင်္ဂါတွေ အပန်းပြေစေသလို
သူမက ကိုယ့်ကိုချိုမြိုန်စေခဲ့ပါတယ်။
သူမအပေါ်ထားတဲ့ ကိုယ့်အချစ်က
ကိုယ့်ဘဝပါပဲကွယ်။
ကြည်လင်အေးချမ်းမှုတွေကို
စွန့်လွတ်ပေးဆပ် ပြေးလွားသွားခဲ့ရတဲ့
ဆောင်းဦးရာသီ ရေလျှံမြစ်ကဲ့သို့
အားအင်အပြည်နဲ့
စီးဆင်းသွားခဲ့ရသလို ဘဝမျိုးပါကွယ်။
ရေလှိုင်းတွေ ရေစီးတွေနဲ့
တေးဆိုညည်းတတ်တဲ့
စမ်းရေစီးသံပမာ
ကိုယ့်ရဲ့တေးသံသာတွေဟာ
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာနဲ့
တစ်ခုတည်းပါပဲကွယ်။
ကိုမျိုး
အိပ်စက်ခြင်းဟာ ပင်ပန်းနွမ်းလျနေတဲ့
ကိုယ်လက်အင်္ဂါတွေ အပန်းပြေစေသလို
သူမက ကိုယ့်ကိုချိုမြိုန်စေခဲ့ပါတယ်။
သူမအပေါ်ထားတဲ့ ကိုယ့်အချစ်က
ကိုယ့်ဘဝပါပဲကွယ်။
ကြည်လင်အေးချမ်းမှုတွေကို
စွန့်လွတ်ပေးဆပ် ပြေးလွားသွားခဲ့ရတဲ့
ဆောင်းဦးရာသီ ရေလျှံမြစ်ကဲ့သို့
အားအင်အပြည်နဲ့
စီးဆင်းသွားခဲ့ရသလို ဘဝမျိုးပါကွယ်။
ရေလှိုင်းတွေ ရေစီးတွေနဲ့
တေးဆိုညည်းတတ်တဲ့
စမ်းရေစီးသံပမာ
ကိုယ့်ရဲ့တေးသံသာတွေဟာ
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာနဲ့
တစ်ခုတည်းပါပဲကွယ်။
ကိုမျိုး
10 September, 2011
"အမေမသိသေးသောအကြောင်းအရာများ"
မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်ကနောက်တစ်ယောက်ကို ပြောနေတာ။
‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်း နိုင်ငံခြားမှာပဲ။ သမီးကတော့
အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့’
‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’
‘အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ’ တဲ့။
အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာ တွေ အများကြီးရှိပါသေးတယ်။
‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။ တစ်မြို့လုံးလည်း သန့်ရှင်းနေတာပဲတဲ့။ လျှပ်စစ် မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’
အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေပြောပြောနေတဲ့ နိုင်ငံခြားမှာ တစ်အား ကောင်းနေတာတဲ့ ဆိုတာ ကျွန်တော်ကတော့ လက်မခံဘူးအမေ။ တစ်ကယ်တော့ နိုင်ငံခြားက
တစ်အားကောင်းဒါမဟုတ်ဘူးဗျ။ ဒါတွေက ပုံမှန်ပဲ။ ကတ္တရာလမ်း ချိင့်ခွက်မရှိတာကို တကားကောင်းတယ်
လို့ ပြောလို့ရမလား။ လမ်းဘေးတွေမှာ အမှိုက်မရှိတာရော တအားကောင်းနေတာလား။ လျှပ်စစ်မီး ခလုပ် ဖွင့်လိုက်တိုင်း ရှိနေတာကရော။ Bus ကားတွေ မြို့ပတ်ရထားတွေ အချိန်မှန်နေတာကရော အထူး အဆန်း လားပဲလား။ ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်းနေတယ်လို့ မယူဆဘူး အမေ။ ဒါတွေက ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ဆီက ပုံမမှန်ဖြစ်နေတာ။ အဲဒါကြောင့် နိုင်ငံခြား တစ်အား ကောင်းနေတယ်လို့ ပြောရင် သိပ်ဘ၀င် မကျဘူး အမေ။ နိုင်ငံခြားက ပုံမှန် ကျွန်တော်တို့ဆီက ပုံမမှန်။
သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု့ကတော့ ထိပ်ပဲလေ။ ဒါပေမယ့် ကျွန်တော်တော့ဒီမှာအရမ်းပျော်နေပြီ။
သူတို့ နဲ့ တစ်သားထဲကျနေပြီ။ အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့ အမေထင်ရင်တော့ အမေ မှားသွားပြီ အမေရေ။ ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ အမြဲတွေးနေတဲ့သူလေ။ မလာနဲ့ ဒီမှာ နေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက် လို့တော့ ကျွန်တော့်ကို မပြောပါနဲ့ အမေ။ ကျွန်တော်ကအဲယားကွန်း
ခန်းကိုမုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊ လေအဝေ့မှာ ဖုန်နံ့လေးရှူနေရတာကို air fresher နံ့ထက်ပို ကြိုက်တဲ့သူ၊ အမှောင်ထဲမှာ ထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကားပြောရတာကို ပိုသဘော
ကျနေတဲ့သူဆိုတာ အမေမသိပါဘူးလေ။
တစ်ချို့ကတော့ ပြောကြတယ်။ နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ အရည်အချင်းရှိရင် အားလုံးတန်းတူပဲတဲ့။ အခုကမ္ဘာကြီးက Globalizationဖြစ်နေပြီတဲ့။ နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့ မဖြစ်ဘူးတဲ့။ ရေကြည်
ရာမြက်နုရာမှာ တိုးတက်အောင်နေရမှာပဲတဲ့။ တစ်ခုတော့ မေးပါရစေ။ ကမ္ဘာကြီးက တစ်ကယ့်ကို ကမ္ဘာ့ရွာ ကြီး ဖြစ်နေပြီလား။ လူမျိုးရေး ခွဲခြားမှု့တွေ မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။ အမေရေ ကျွန်တော်တော့ ကမ္ဘာကြီးက နည်းပညာတစ်ခုကလွဲလို့ ဘယ်နေရာမှတကယ် Globalizeမဖြစ် သေးဘူးလို့ ထင်တယ် အမေ။ ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့ နိုင်ငံတွေက သူတွေက (လူများစုပါ။ လူအားလုံးကို မဆိုလိုပါ) ဘယ်လိုမြင်တယ်ဆိုတာ့ အမေမသိသေးပါဘူး ဗျာ။ ဒါတွေထားလိုက်ပါတော့။ အသေးစိတ်တွေ ပြောပြနေရင် အမေစိတ်မကောင်းဖြစ်နေမှာ။
တစ်ခါတစ်လေကြတော့ ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။ အလုပ်လုပ်နေတာ တစ်ကယ်ကို ထမင်းစားဖို့အတွက်လိုဖြစ်နေလို့ အမေ။ အရင်တုန်းက အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာကု အဓိပ္ပာယ် လေးတစ်ခုခု ရှိနေသလိုပဲ အမေ။ အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။ ကိုယ့်နိုင်ငံမှာ လုပ်တာကမှ
ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက် ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခုခုတော့ အကျိုးရှိဦးမယ် အမေ။ ကျွန်တော့် ကိုလူမျိုးရေး အမြင်ကျဉ်းတယ်လို့ ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။ အဲလောက် နိုင်ငံနဲ့ လူမျိုးကို ချစ်နေရင် ဘာလို့ထွက်လာသေးလဲကွာကို အပြစ်တင်မစောပါနဲ့။ လူ့ဘ၀မှာ လူတန်းစေ့
လေးတော့ နေချင်တယ်လေ။ အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင် အမေ့အိမ်မှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။ ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။ ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။ မြက်တွေကခြောက်နေလို့လား။ ကျွန်တော် မစဉ်းစား တတ်ဘူးအမေရေ။ အမေ မသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။ ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာ ကောင်းတယ် ဆိုတာ အမေခံစားဖူးမှ သိလိမ့်မယ် အမေ။ အမေတို့ဆီမှာ လူတွေဂုဏ်ယူဝင့်ကြွားစွာ ကိုင်နေ တဲ့ ဟန်းဖုန်းဆိုတာကျွန်တော့် အတွက်တော့ နွားခလောက် တစ်လုံးနဲ့ ဘာမှ မထူးဆိုတာ အမေ မသိပါဘူး
အမေ။ ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့ ကျွန်တော်မငြင်းပါဘူးအမေ။ ဒါပေမဲ့ ဗျာ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပေါ့...
‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး အထဲက ငှက်ကလေးကို အစာမကျွေးရင် ဘာအဓိပ္ပာယ်ရှိမှလဲ’ တဲ့။
ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေ ထဲက ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီး တွေ့ခဲ့ရလို့ အဲလိုတော့ မဖြစ်ချင်ဘူးအမေရေ။
ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။ အမေရေ။ ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့ မကြွားပါနဲ့တော့ ဗျာ။ ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာ လို့ပဲ ကြွားလိုက်စမ်းပါ။ အခြေအနေ တစ်ခုရောက်ရင် ကျွန်တော်ပြန်လာမှာပါအမေ။ ဘာအခြေအနေလဲလို့ တော့ မမေးပါနဲ့ အမေ။ အခြေအနေတစ်ခုပေါ့။…....
မိုးတိမ်ညို
ဒီဇင်ဘာ ၂၀၀၉

(forward မေးကိုပြန်လည်မျှဝေထားပါသည်။)
.....ကျေးဇူးတင်ပါတယ်.....
ပတ်ဝန်းကျင်မှ သတိမထားမိသောအကြောင်းအရာများ
၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့....
၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား.....
၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..
၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်
၅။ခြင်မှာလည်းသွားရှိတယ်ဗျ
၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း
၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ
၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်...ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉)ရက်အသက်ရှင်နိုင်တယ် တဲ့ ..ခေါင်းပြတ်သွားလို့အစာမစားနိုင်လို့သေရတာတဲ့
၉။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁
၁၀။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)
၁၁။Star fish တွေမှာဦးနှောက်မပါဘူးဗျ
၁၂။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ
၁၃။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့  အိပ်ခန်းတဲ့..
၁၄။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ်တဲ့
၁၅။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက် (၁) ဖက်ဟာ လေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့် သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊ (၄) ဖက်လုံးမြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့ (ကဲ...ပန်းခြံတွေရောက်ရင် ရုပ်တုကိုကြည့် သေချာ ကြည့်ဖို့မနေ့ ကြနဲ့နော်)
၁၆။အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကို ဘယ်လိုခေါ်သလဲလို့ စမေးကြ ပါတယ်တဲ့.... ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru" လို့ဖြေကြပါတယ်။
ဒါနဲ့ပဲ..ကိုရွှေဥာဏ်ကြီးရှင်တွေက သားပိုက်ကောင်ကို "Kangaroo" လို့ ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။ သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက "We don"t understand you " ပါတဲ့ဗျား..
၁၇။ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြည့်ကြစမ်းပါ..ရလားမသိဘူး
၁၈။ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် " 0 killed"
လို့ရေးပြီးပြန်လာကြပါတယ်တဲ့....အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့ "OK "ဆိုတာ ဖြစ်လာ
တာပါ.

09 September, 2011
တစ်ခါတုန်းကပေါ့
ဒဏ္ဌာရီမဟုတ်တဲ့ သူရဲကောင်းတစ်ယောက်
ဗမာပြည်ကြီးမှာ အမှန်တကယ်ထွန်းတောက်ခဲ့တယ် . . .
ဒီနေ့ ဗမာတစ်မျိုးသားလုံးရဲ့ ဖခင်
လွတ်လပ်ရေးရဲ့ ဗိသုကာ
အို .. သူ့ပုံပန်းသဏ္ဌာန်ကိုကြည့်တော့
ကိန်းကြီးခန်းကြီး မနိုင်လှပါတကား . . .
ဖြူစင်ပွင့်လင်းသောအပြုံးတေ
လှိုင်လှိုင်ပွင့်လို့ . .
ရဲရင့်တဲ့ အတွေးအခေါ်တွေနဲ့
လူသားဆန်ဆန်ပဲ သူရှင်သန်နေထိုင်ခဲ့တယ် . . .
အားနည်းသူဘက်က ရပ်တည်
အနိုင်ကျင့်စော်ကားမှုကို ခေါင်းငုံ့မခံဘဲ
အမှန်တရားအတွက်ဆို
သူ ဆုံးဖြတ်ချက်တွေရဲခဲ့တယ် . . .
သူ့ဘဝ
သူ့အင်အား
သူ့အတွေးအခေါ်တွေအားလုံးဟာ
ဗမာပြည်လွတ်လပ်ရေးအတွက်ပဲလို့ ခံယူထားတယ် . . .
တစ်ခေတ်မှာ တစ်ယောက် ရှာလို့မတွေ့နိုင်
အနှစ် ၁၀၀ မှာ တစ်ယောက် ပေါ်ထွန်းမလာနိုင်
လူ ၁၀၀၀၀ မှာ တစ်ယောက် ထွန်းကားမလာနိုင်တဲ့
ဗမာတစ်မျိုးသားလုံး အားကိုးထိုက်လောက်တဲ့
ခေါင်းဆောင်ကောင်းတစ်ယောက် . . .
ကျွန်တွင်းမှာလမ်းပျောက်နေသူတွေအတွက်
မီးရှူးတန်ဆောင် . . .
မျိုးရိုးမတိမ်အောင်လည်း သူကြံဆောင်ခဲ့ပြန်သေးတယ် . . .
ဗမာပြည်ကြီးလွတ်လပ်သွားလို့
တမျိုးသားလုံး ကျွန်တွင်းကလွတ်သွားရင်
သူ ရာထူးအာဏာတွေအားလုံးကို စွန့်လွှတ်လွှဲအပ်ခဲ့ပြီး
အေးအေးဆေးဆေး စာရေးဆရာပဲလုပ်စားမယ်တဲ့ . .
ဒါ သူ့ရဲ့ အားထုတ်ကြိုးပမ်းမှုအပေါ်မှာ
သူပြန်မျှော်လင့်ခဲ့တဲ့ အကျိုးရလဒ်တွေတဲ့လား . . .
"ပြည်သူဆင်းရဲရင် တပ်မတော်လည်းဆင်းရဲမယ်
ငါလည်းဆင်းရဲမယ် . .
ပြည်သူငတ်ရင် တပ်မတော်လည်းငတ်မယ်
ငါလည်းငတ်မယ် . ."
ဒါ သူပြောခဲ့တဲ့စကား . .
"တပ်မတော်သည် တိုင်းပြည်အတွက်
တိုင်းပြည်သည် တပ်မတော်အတွက်မဟုတ်
စည်းကမ်းမရှိတဲ့ စစ်တပ်ရှိနေမယ့်အစား
အဲဒီစစ်တပ်မရှိတာ တိုင်းပြည်အတွက်ပိုကောင်းတယ် . ."
. . . .
တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာထားတဲ့ သူ့ရဲ့စေတနာတွေကို
အထင်းဆုံးလှစ်ပြလိုက်တာပဲ . . . .
အောက်မေ့မိနေပါသေးတယ်
ယနေ့တိုင် လွမ်းဆွတ်မိနေပါသေးတယ်
မမေ့နိုင်တဲ့ ၁၉ ဇူလိုင်ရယ်လို့ပေါ့ . . .
လွတ်လပ်တဲ့ နိုင်ငံသားတစ်ယောက်အဖြစ်
သူ့စေတနာတွေနဲ့ခင်းခဲ့တဲ့
လမ်းပေါ်မှာ လျှောက်နေရလေတိုင်း . . .
သြော် . . . . ဗိုလ်ချုပ်ရယ် . . .
ဘယ်သူတွေများ မေ့နိုင်ပါ့ . . . . . ။ ။
သိုးမည်း (UCSM)
18,July,2011 11:45 PM
.....သူငယ်ချင်းတစ်ယောက် 19 July အတွက်အမှတ်တရရေးစပ်ခဲ့တဲ့ ကဗျာလေးပါ.....

ဒါကတော့ ပရောက်ဇီကျော်တဲ့ ဆော့ဝဲလေးပါ
ခုနောက်ပိုင်း ဆိုက်အချို့ကိုဖွင့်ပေးတယ်ဆိုပေမယ့်....ဘလော့ဂါကတော့ ကျော်နေရဆဲပါ...ကောင်းကောင်းဝင်လို့မရသေးပါဘူး....။ ဒါကြောင့်ဒီဆော့ဝဲလေးအကြောင်းရေးဖြစ်တာပါ...
သုံးနည်းက...
၁။ ဒီမှာ ယူပါ။
၂။ zip ဖိုင်ကိုဖြေလိုက်ရင် နောက်ဆုံးဗားရှင်းနာမည်နဲ့ထွက်လာပါတယ် ခုထိတော့ 10.17 ပါ။
၃။ ဆော့ဝဲကို Run ပါ။ အောက်မှာပြထားသလိုတက်လာပါမယ်။

အခုပုံကလို Successfully connected to server လို့ပေါ်ပီးရင် Internet Explore ပွင့်လာပါလိမ့်မယ်။
IE သုံးတဲ့လူတွေအတွက် အဆင်ပြေပါပီ။
မောဇီလာသုံးတဲ့လူတွေအတွက် proxy setting ကိုချိန်းပေးရပါဦးမယ်...မခက်ပါဘူး...
၁။ firefox menu ကနေ Tool --> Option ကိုကလစ်ပါ။ အောက်ပါအတိုင်းကျလာပါမယ်။
ပုံကအတိုင်း Advance ကိုကလစ်ပါ။ Advance အောက်က Network Tab --> Setting ကိုကလစ်ပါ။
အောက်ပါပုံအတိုင်းပေါ်လာပါမယ်။ ပုံထဲကအတိုင်းဖြည့်ပေးလိုက်ပါ။ ပြီးရင်တော့ အိုခေပေါ့...။

မသိသေးသူများအတွက်သာ ရည်ရွယ်ပါသည်။
.....ပျော်ရွှင်နိုင်ပါစေ.....
.....ကျေးဇူးတင်ပါတယ်.....
ဒီနေ့ မှတ်တမ်း
ဘလော့သာ လက်တည့်စမ်းထားတာ...ပို့စ်ကို ဘာရေးရမှန်းသေချာမစဉ်းစားမိသေးဘူး...
ဒါနဲ့ပဲ....မေးဖွင့်ပြီး ဟိုးအရင်တုန်းက အကိုတွေအမတွေပို့ပေးထားတဲ့စာတွေ ပြန်တင်ဖြစ်သွားတယ်....။
ဘာပဲဖြစ်ဖြစ် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....။

သင့်ရဲ့စရိုက်ကဘယ်လိုလဲ
သင်ရဲ. နာမည် ကို မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင်.ရဲ. စရိုက် ကို
ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည်.လိုက်လေ။
လုပ်နည်းက....
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ
သဘောပေါက်ပြီးနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ. A ကနေ Z ထဲ က သာရှာကြည်.ကျပေတော.။
A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည် သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်.ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ.သူပဲ
F = သင်.မှာ ချစ်မွေး ပါတယ်
G = သင်.ဟာ လူတွေ ကို အကဲခက်အရမ်းတော်တယ်
H = သင်.မှာ ဆင်ခြင်တုံ တရား မရှိဘူး

J = သင်မှာ မနာလိုမရူစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေ သင်အလွယ်တကူရတယ်

O = သင်ဟာ အင်မတန် ပွင်.လင်း တဲ.သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည်.ရှိတယ်
Q = သင် ဟာ သူတော်ကောင်းယောင်ဆောင်ထားတယ်
R= သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင်.မှာ ကြီးမားတဲ. ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို. မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင်.မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ.တယ်
Z= သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ. ရန်ဖြစ်နေရမှ ကျေနပ်တယ်။
ပျော်ရွှင်ကြပါစေ

အမှန်တရားနဲ့နီးစပ်တဲ့ ဟာသလေးပါ
လက်မထပ်မီ……… (အပေါ်မှအောက်သို့ဖတ်ပါ)
သူ...... သိပ်ကောင်းတာပဲ။ ငါ့မျှော်လင့်တဲ့နေ့ ရောက်လာခဲ့ပြီ။
သူမ.... နင် နောင်တရမလား
သူ...... ဟာ.. တစ်ခါမှ အဲဒီလို မစဉ်းစားမိဘူး။
သူမ.... ငါ့ကို တကယ်ချစ်လား
သူ...... တကယ်ပေါ့။
သူမ.... ငါ့အပေါ် သစ္စာဖောက်မှာလား။
သူ...... အဲဒီလို တစ်ခါမှ မတွေးထားမိဘူး။
သူမ.... ငါ့ကို တစ်ခါလောက် နမ်းပါလား။
သူ...... အင်း.. တစ်ခါထက်ကို မကဘူး။
သူမ.... ယူပြီးရင် နင်ငါ့ကို ရိုက်မှာလား။
သူ...... လုံးဝ မဖြစ်နိုင်တာ
သူမ.... ငါ နင့်ကို ယုံရမလား...
လက်ထပ်ပြီးနောက်…………( အောက်မှအပေါ်သို့ပြန်ဖတ်ပါ)
ဒါလည်း forward မေးပါပဲ...တော်တော်များများဖတ်ဖူးကြမှာပါ...

Subscribe to:
Posts (Atom)